close

နန်းပြ ဇီဒန်း

close

June 20, 2022

နည်းပြဘဝဆီပြန်လာရန် စိတ်အားထက်သန်နေဟု နည်းပြဇီဒန်းပြော

နည်းပြဘဝဆီပြန်လာဖို့ စိတ်အားထက်သန်နေကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းက ပြောပါတယ်။

ဇီဒန်းဟာ ပြီးခဲ့တဲ့နှစ်မေလက ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့ပြီးနောက်မှာ အနားယူနေတာ တစ်နှစ်ကျော်လွန်လာခဲ့ပါတယ်။

ဘောလုံးကိုချစ်မြတ်နိုးတဲ့စိတ်ကြောင့် နည်းပြဘဝကိုပြန်လာဖို့ စိတ်အားထက်သန်နေကြောင်း Telefoot နဲ့ အင်တာဗျူးကနေတစ်ဆင့် အသိပေးသွားခဲ့တာပါ။

ဇီဒန်းက “ဘောလုံးကိုချစ်မြတ်နိုးတာကြောင့် နည်းပြဘဝဆီပြန်လာဖို့ စိတ်အားထက်သန်မှုတွေ ရှိနေသေးပြီး ရှေ့ဆက်သွားချင်တယ်။ ကျနော်လည်း အသက်ကလည်း ၅၀ ပြည့်ပြီဖြစ်တယ်။ ပျော်ရွှင်မှုတွေ၊ စိတ်အားထက်သန်မှုတွေ ရှိနေဆဲဖြစ်လို့ ဒါက ဘောလုံးမှာ အရေးကြီးဆုံး အရာဖြစ်တယ်”လို့ ပြောပါတယ်။

ဇီဒန်းကို ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ဆန္ဒ ရှိနေပေမယ့် လက်ရှိအသင်းနည်းပြ ပိုချက်တီနိုကို အရင် ဦးဆုံးထုတ်ပယ်သွားဖို့ လိုအပ်နေပါတယ်။

ပိုချက်တီနိုကို ရက်ပိုင်းအတွင်းမှာ ထုတ်ပယ်လိမ့်မယ်လို့ သတင်းထွက်ပေါ်နေပြီး နည်းပြဇီဒန်းကို အစားထိုးခန့်အပ်ဖို့ ပီအက်စ်ဂျီ အသင်းကကြိုးပမ်းနေပါတယ်။

အသက် ၅၀ နှစ်ရှိ ပြင်သစ်နည်းပြဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ၃ ကြိမ်ဆက်တိုက်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

1 min Ago
Up