close

နန်းယွန်းမြို့

close

June 25, 2021

နန်းယွန်းမြို့တွင် အနာဂတ်ပညာရေးလှပစေရန် CDM ဆရာ ဆရာမများ online သပိတ်ပြုလုပ်

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ် နန်းယွန်းမြို့ရှိ CDM ဆရာ ဆရာမတွေဟာ အနာဂတ်ပညာရေး လှပဖို့ CDM မှာ ပါဝင်စို့  ခေါင်းစဉ်နဲ့ Online သပိတ်ပြုလုပ်ခဲ့ပါတယ်။

“ကျနော်က ပျော်လို့လုပ်တာ မဟုတ်ဘဲဘဝနဲ့ ရင်းပြီးလုပ်နေတဲ့ CDM သမားတွေ ဖြစ်တယ်။ ကိုယ့်သမိုင်းစာမျက်နှာမှာ ရဲရဲဝင့်ဝင့် ပြန်ဖတ်ရဲတဲ့စာမျက်နှာတစ်ခုအဖြစ် ကျန်ရစ်ခဲ့မှာ အခု ကျောင်းတက်နေတဲ့ဆရာ ဆရာမတွေ ခြေလှမ်းတိုင်း လိပ်ပြာလုံပါစေ၊ ကျောင်းတတ်နေတဲ့ ခြေလှမ်းတွေဟာ အပြစ်မဲ့ပြည်သူတွေရဲ့ ဘဝတွေ ဘယ်လောက်ရင်းထားတယ်ဆိုတာ သတိပြု စေချင်တယ်။ ကျောင်းတတ်ဖို့ကျောင်းကို လှမ်းတိုင်းဒီခြေလှမ်းတွေဟာ လူတွေဘယ်လောက်ဒုက္ခ ရောက်နိုင်တယ်ဆိုတာသူတို့ သိစေချင်တယ်” လို့ သပိတ်မှာပါဝင်တဲ့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

12 hours Ago
Up