close

နန်းဦးလွင်

close

June 16, 2021

မန္တလေး ပုသိမ်ကြီးမြို့နယ်တွင် နေအိမ် ၁၁ လုံးမီးလောင်၊ မီးဘေးဒုက္ခသည် ၄၆ ဦးရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်မှာ ဇွန် ၁၆ ရက် နေ့လယ်  ၁၂ နာရီ ၅၀ မိနစ်က မီးလောင်မှု ဖြစ်ပွားပြီး နေအိမ် ၁၁ အိမ် မီးလောင်ကာ ရပ်ကွက်နေ ပြည်သူ ၄၆ ဦး အိုးမဲ့အိမ်မဲ့ မီးဘေးဒုက္ခခံစားခဲ့ရပါတယ်။ 

ဖြစ်စဉ်မှာ ဦးသန်းကြွယ် (၇၂-နှစ်)ရဲ့ နေအိမ်အတွင်းရှိ ဘုရားစင်အား ပလစ်စတစ်အကြည်စအုပ်ပြီး နှစ်ပင်လိမ်ဝါယာကြိုးနဲ့ မီးဘုတ်ခုံထိုင်ကာ ဘုရားမီးပူဇော်ရာမှာ မီးဘုတ်ခုံအပူလွန်ကဲရာကနေ ပလစ်စတစ်အကြည်စကို မီးလောင်ကျွမ်းခဲ့တာပါ။ 

မီးလောင်ရာကို မန္တလေးတိုင်းမီးသတ်တပ်ဖွဲ့က  Level 3 အဆင့် သတ်မှတ် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မနက် ၁ နာရီ ၃၅ မိနစ်မှာ မီးငြိမ်းသွားပါတယ်။ 

မီးလောင်မှုမှာ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ထုပ်တန်းပြုတ်ကျလို့ ခါးမှာ အတွင်းဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။

မီးလောင်မှုကြောင့် လူနေအိမ် ၁၁ လုံး မီးလောင်ခဲ့ရာ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိခဲ့ပါတယ်။   

ဒီမီးလောင်မှုမှာ မီးဘေးဒုက္ခသည် အိမ်ထောင်စု ၉ စု၊ ကျား  ၁၇ ဦး၊ မ  ၂၉ ဦး စုစုပေါင်း ၄၆ဦး ရှိပြီး နန်းဦးလွင်ကျေးရွာ ရွာလယ်ဓမ္မာရုံမှာ ယာယီထားရှိပါတယ်။

ပုသိမ်ကြီးမြို့နယ် မြို့မရဲစခန်းက မီးစလောင်တဲ့ အိမ်ရှင်  ဦးသန်းကြွယ် (၇၂-နှစ်)ကိ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ နဲ့ အရေးယူထားပါတယ်။

1 hour Ago
Up