close

နမခစစ်တပ်

close

March 12, 2022

မုံရွာမြို့ နမခစစ်တပ်အတွင်း လက်နက်တိုက် မီးလောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ နမခစစ်တပ်အတွင်းရှိ လက်နက်တိုက်မှာ  မတ် ၁၂ ရက် ဒီနေ့ မနက်ပိုင်းက မီးလောင်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

မီးလောင်မှုကို မုံရွာမြို့က မီးသတ်ကားတွေသွားရောက် အရေးပေါ် မီးငြှိမ်းသတ်နေ တယ်လို့မျက်မြင်သူတွေထံကနေသိရပါတယ်။

“လက်နက်တိုက်မီးလောင်နေင်တာ  အတွင်းသတင်းတော့ ရတယ်။ ဘယ်ချိန်ကစ လောင်တယ်ဆို တာကတော့ အတိကျပြောလို့ မရဘူး။ တပ်အတွင်းကို ဘယ်သူမှ သွားကြည့်လို့ မရဘူး။ မီးလောင်လို့ မီးခိုးတွေထွက်လာမှ သိရတာ။ တပ်အတွင်းက စစ်သားမိန်းမတွေ လက်နက် အပစ်သင်ရင်းနဲ့ လက်နက်တိုက်ကို ပစ်မိပြီး လောင်သွားတယ်”လို့ နမခတပ်အတွင်းနဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေတွေနဲ့  ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

အခုမီးလောင်တဲ့ လက်နက်တိုက်ဟာ  ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေဆီကနေ သိမ်းဆည်း ရမိထားတဲ့ လက်နက်တွေ ထားရှိရာ နေရာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်  ဇလုပ်ကျေးရွာ၊ ဆီဆိုင်တန်းမှာလည်း မနေ့မနက်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ 

2 mins Ago
Up