close

နမ့်တောရဲစခန်း

close

October 9, 2021

ဟုမ္မလင်းမြို့နယ်၊ နမ့်တောရဲစခန်းတွင် ဗုံးကွဲ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တောရဲစခန်းမှာ အောက်တိုဘာ ၈ ရက်ညပိုင်းက ဗုံး နှစ်လုံး ပေါက်ကွဲတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “မနေ့ ည ၁၂ နာရီလောက်က နမ့်တောရဲစခန်းမှာ ဗုံးပေါက်ကွဲတယ်။ ပထမတလုံးက အသံတိုးတယ်။ ဒုတိယတလုံးက အသံအကျယ်ကြီး။ အထိအခိုက် အပျက်အစီးလည်း ဘာမှ မတွေ့ရဘူး” လို့  ပြောပါတယ်။

နမ့်တောရဲစန်းမှာ ဗုံးပေါကွဲမှု ၂ ကြိမ်ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ဗုံးပေါက်ကွဲခဲ့ကာ ထိခိုက်ပျက်စီးတာမရှိဘဲ ပေါက်ကွဲမှုတာ ဖြစ်ခဲ့ပါတယ်။ အဆိုပါ ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

11 mins Ago

September 13, 2021

ဟုမ္မလင်းမြို့နယ် နမ့်တောရဲစခန်း ဗုံးဖောက်ခွဲခံရ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာရှိ၊ နမ့်တောရဲစခန်း စက်တင်ဘာ ၁၂ ရက် ညနေ ၆ နာရီက ဗုံးဖောက်ခွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးနဲ့ပစ် ဖောက်ခွဲခံရတဲ့အတွက် စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားတွေက ပြန်လည် ပစ်ခတ်တာရှိပေမယ့် ထိခိုက်ဒဏ်ရာရတာ မသိရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“ရဲစခန်းဘက်ကနေ အသံအကျယ်ကြီးကြားလိုက်တယ်။ ဗုံးကြောင့် ထိခိုက်မရှိဘူးလို့ ပြောတယ်။ ဗုံးပစ်ခံရတော့ စခန်းက လူတွေလည်း ပြန်ပစ်တာပေါ့။ တခြား ထိခိုက်ဒဏ်ရာရှိတယ်လို့တော့ အခုထိ မသိရသေးဘူး။”

နမ့်တောရဲစခန်းကို ဗုံးနဲ့ပစ်တဲ့သူတွေကို ဖမ်းဆီးရမိတာ မရှိသလို ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ မသိရသေးပါဘူး။

4 weeks Ago
Up