close

နယူးကာဆယ်ဥက္ကဋ္ဌသစ်

close

October 9, 2021

ရေရှည်အောင်မြင်မှုရနိုင်မည့် စီမံကိန်းချမည်ဟု နယူးကာဆယ်ဥက္ကဋ္ဌသစ်ပြော

နယူးကာဆယ်အသင်းကို ရေရှည်အောင်မြင်မှုရယူနိုင်မယ့် စီမံကိန်းနဲ့ လုပ်ဆောင်သွားမယ်လို့ အသင်း ဥက္ကဋ္ဌသစ် အယ်ရမ်မေယန်က ပြောပါတယ်။ 

နယူးကာဆယ်အသင်းကို ဆော်ဒီပြည်သူ့ရင်းနှီးမြှုပ်နှံမှုအဖွဲ့ SPIက မိုက်အက်ရှ်လေဆီကနေ ပေါင် ၃၀၅ သန်းနဲ့ အပြီးသတ်ဝယ်ယူခဲ့တာပါ။ 

အရေးကြီးဆုံးအချက်က ရည်မှန်ချက်တစ်ခု ထားရှိကာ စဉ်ဆက်မပြတ် အောင်မြင်မှုရနိုင်ဖို့ လုပ်ဆောင်ပြီး ရေရှည်ကာလအထိ အောင်မြင်မှုတွေရဖို့ ရည်မှန်းကြိုးစားမယ်လို့ ဥက္ကဋ္ဌ အယ်ရမ်မေယန်ကပြောပါတယ်။ 

ပထမဆုံးလုပ်ဆောင်ရမယ့်အချက်က အသင်းမှာရှိတဲ့ လူတွေ၊ ကြီးမားကျယ်ပြန့်တဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ဆန္ဒတွေကို အရင်ဆုံးနားထောင်သွားရမယ်လို့လည်း ဆိုပါတယ်။

အဲဒီလိုတွေ့ဆုံပြီးနောက်ပိုင်းမှ ရေရှည်အောင်မြင်မှုရရှိအောင် ဘယ်လုပ် တည်ဆောက်သွားမလဲဆိုတာ ဆုံးဖြတ်ချက်ချမယ်လို့ ဥက္ကဋ္ဌ အယ်ရမ်မေယန်က ပြောပါတယ်။

6 mins Ago
Up