close

နယူးဇီလန်ကမ်းရိုးတန်း

close

September 11, 2022

နယူးဇီလန်ကမ်းရိုးတန်းတွင် ငါးဖမ်းလှေမှောက်ပြီး ၅ ဦးသေဆုံး

နယူးဇီလန်နိုင်ငံ၊ ကိုင်းကော်ရာကမ်းရိုးတန်းမှာ စက်တင်ဘာ ၁၀ ရက်က လူ ၁၁ ယောက်ကို တင်ဆောင်လာတဲ့ စင်းလုံးငှား ငါးဖမ်းလှေ တိမ်းမှောက်ပြီးနောက် လူ ၅ ယောက် သေဆုံးသွားတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

ကိုင်းကော်ရာမြို့တော်ဝန် ခရေ့ဂ်မက်ကဲလ်ကတော့ လှေကဝေလငါးတစ်ကောင်နဲ့ တိုက်မိခဲ့လို့ လှေမှောက်တာလို့ယုံကြည်ပေမဲ့ ဘာကြောင့် တိမ်းမှောက်သွားရတယ်ဆိုတာကိုတော့ ရဲတပ်ဖွဲ့က အတည်မပြုသေးဘူးလို့ ဒေသမီဒီယာကို ပြောပါတယ်။

ရဲတပ်ဖွဲ့ကတော့ လူ ၅ ဦး သေဆုံးသွားကြောင်း အတည်ပြုထားပြီး ရေငုပ်ရဲတပ်ဖွဲ့တွေက သေဆုံးသူတွေကို ပြန်လည်ဆယ်ယူဖို့ လုပ်ဆောင်နေကြောင်း ကိုင်းကော်ရာ ရဲတပ်ကြပ် မက်ထ်ဘွိုက်စ်က ပြောပါတယ်။

လောလောဆယ် ရရှိနေတဲ့ အချက်အလက်တွေက တိုက်မိပုံပေါ်ကြောင်းနဲ့ ဘာကြောင့်ဆိုတာတော့ မသိရသေးကြောင်း ကိုင်းကော်ရာ ရဲအရာရှိ၊ မိုက်ကဘ်လ်ဝှစ်ထ် က ပြောပါတယ်။

သေဆုံးသူ အားလုံးဟာ နယူးဇီလန်မှ ဖြစ်တယ်လို့ ယူဆရကြောင်း ဒေသတွင်း မီဒီယာတွေက ဆိုပါတယ်။ အသက်ရှင်ကျန်ရစ်သူ ၆ ယောက်ကိုတော့ ဆေးရုံကို ပို့ဆောင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ဆေးရုံကနေ ပြန်ဆင်းလာခဲ့ကြပါတယ်။ 

58 seconds Ago
Up