close

နယူးဇီလန်ပြည်ဝင်ခွင့်

close

May 11, 2022

နိုင်ငံတကာပြည်ဝင်ခွင့်များ ပြန်ဖွင့်တော့မည်ဟု နယူးဇီလန်ဝန်ကြီးချုပ် ပြော

နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်းဒါး အာဒန်က နိုင်ငံတကာ ပြည်ဝင်ခွင့်တွေကို ဇူလိုင်လကုန်ပိုင်းမှာ အကုန်ပြန်ဖွင့်တော့မယ်လို့ မေ ၁၁ ရက်မှာ ပြောပါတယ်။ တဆက်တည်းမှာပဲ အပျော်စီး သင်္ဘောကြီးတွေကိုလည်း ဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ခွင့်ပေးသွားမယ်လို့ ဆိုပါတယ်။

ဇူလိုင်လကုန်မှာ နယ်စပ်တွေကို ပြန်ဖွင့်မယ်လို့ ကြေညာလိုက်တာကြောင့် အရင်က နယူးဇီလန်အစိုးရက သတ်မှတ်ထားတဲ့ အချိန်ထက် ၂ လလောက် စောပြီး နိုင်ငံခြားသားတွေကို ဗီဇာထုတ်ပေးတော့မယ့်သဘော ဖြစ်ပါတယ်။

အော့ကလန်မှာ စီးပွားရေးကိစ္စ အလုပ်သဘော နေ့လယ်စာ စားပွဲအပြီးမှာ ဝန်ကြီးချုပ် အာဒန်က နယ်စပ်ကို ပြန်ဖွင့်ပေးလိုက်ခြင်းအားဖြင့် ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ပြောပါတယ်။

ကိုဗစ်ကပ်ဘေးကာလမှာ နယူးဇီလန်နိုင်ငံဟာ ကမ္ဘာမှာ စည်းကမ်းအတင်းကျပ်ဆုံး နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ လူကြိုက်နည်းတဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေကို ပြန်ဖြေလျော့ပြီး ခရီးသွားလုပ်ငန်း မြှင့်တင်ရေးနဲ့ လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ပြန်ကြိုးစားလာတာ ဖြစ်ပါတယ်။

2 hours Ago
Up