close

နယူးဇီလန်လယ်သမားများ

close

July 16, 2021

နယူးဇီလန်လယ်သမားများ လယ်ထွန်စက်များမောင်းနှင်ကာ မြို့ပေါ်တက် ဆန္ဒပြ

နယူးဇီလန်နိုင်ငံမှာ လယ်သမားတွေဟာ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေ ထိခိုက်လို့ဆိုပြီး အစိုးရရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒတွေနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စည်းမျဉ်းတွေကို လျှော့ချပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဇူလိုင် ၁၆ ရက်က သူတို့ရဲ့လယ်ထွန်စက်ကြီးတွေကို အဓိကမြို့ကြီးတွေဆီ မောင်းနှင်ဆန္ဒပြခဲ့ကြပါတယ်။

 “Howl Of A Protest” လို့ခေါ်တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေကို လူအသွားအလာများတဲ့ ကားလမ်းမတွေပေါ်မှာ လယ်ထွန်စက်တွေ၊ ပစ်ကပ်ကုန်တင်ကားတွေနဲ့ တခြားလယ်ယာမြေသုံး မော်တော်ယာဉ်တွေကို လမ်းအပြည့် မောင်းနှင်ကြတာကြောင့် အော့ကလန်အပါအ၀င် မြို့ကြီးတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ကုန်ပါတယ်။

ဒေသခံတွေဟာ လမ်းတွေပေါ်မှာ ကားတွေ ဖြတ်သန်းလာချိန်မှာ ဆိုင်းဘုတ်ကတ်ပြားတွေ ထောင်ပြပြီး လယ်သမားတွေနဲ့အတူ စည်းလုံးညီညွတ်မှုကို ပြသခဲ့ပါတယ်။ 

ဆန္ဒပြသူတွေဟာ အစိုးရကို ရေကြောင်းစီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ စည်းမျဉ်းသစ်တွေကို လျှော့ပေါ့ပေးဖို့နဲ့ သူတို့လုပ်ငန်းတွေမှာ အလုပ်သမားရှားပါးမှုကို ဆိုးဆိုးရွားရွား ကြုံနေရတာကြောင့် နိုင်ငံထဲကို ရာသီအလိုက် နိုင်ငံခြားသားလုပ်သားတွေကို ပိုပြီးခွင့်ပြုပေးဖို့အတွက် ကိုဗစ်-၁၉ ဆိုင်ရာ နယ်စပ်ထိန်းချုပ်မှုတချို့ကို လျှော့ပေါ့ပေးဖို့ တောင်းဆိုကြပါတယ်။

ဒါ့အပြင် လယ်သမားတွေနဲ့ကုန်သည်တွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတဲ့ ဓာတ်ဆီနဲ့ဒီဇယ်သုံး အကြီးစားမော်တော်ယာဉ်တွေကို အခကြေးငွေ တိုးမြှင့်ထားချိန်မှာ လျှပ်စစ်သုံး သန့်ရှင်းရေးကားတွေကိုတော့ ထောက်ပံ့ကြေးပေးတဲ့ အစိုးရအစီအစဉ်သစ်ကို ဖျက်သိမ်းလိုက်ဖို့လည်း တောင်းဆိုကြပါတယ်။

52 seconds Ago
Up