close

နယူးယောက်မြို့လယ်

close

January 29, 2023

မြန်မာ့နွေဦးတော်လှန်ရေးလူထုတိုက်ပွဲ ၂ နှစ်ပြည့်အကြို နယူးယောက်မြို့လယ်တွင် သံပုံးတီးဆန္ဒပြ (ဓာတ်ပုံ)

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တော်က အထင်ကရ နေရာတခုဖြစ်တဲ့ Time Square ရင်ပြင်မှာ NYCBC အဖွဲ့ကဦးဆောင်ကာ မြန်မာ့နွေဦးတော်လှန်ရေး လူထုတိုက်ပွဲ ၂ နှစ်ပြည့် အကြို သံပုံးတီး ဆန္ဒဖော်ထုတ်ပွဲ ကျင်းပခဲ့ပါတယ်။

အဲဒီ ဆန္ဒဖော်ထုတ်ပွဲကို နယူးယောက်စံတော်ချိန် ဇန်နဝါရီ ၂၈ ရက်မနက်က ကျင်းပရာမှာ နယူးယောက်နဲ့ အနီးတဝိုက်က မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူတွေ တက်ရောက်ခဲ့ပါတယ်။

ဆန္ဒပြသူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေဟစ်ကြွေးကာ အကြမ်းဖက်စစ်အာဏာရှင်တွေ ၂၀၂၃ မှာနိဂုံးချုပ်စေဖို့နဲ့ မြန်မာပြည်ကရဲရင့်တဲ့ ပြည်သူတွေနဲ့အတူ နယူးယောက်သားတွေက အမြဲရှိတယ်ဆိုတာ သိရှိစေဖို့အတွက် ဒန်အိုး၊ ဒန်ပြားလေးတွေ သယ်လာပြီး သံပုံးတီးဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ 

NB NYCBC Strike

5 mins Ago
Up