close

နယ်စပ်ရထား

close

November 30, 2022

ခါကိဗ်မြို့နှင့် ရုရှားနယ်စပ်ရွာ ဆက်သွယ်ထားသည့် ရထားများ ပြန်ပြေးဆွဲ

ယူကရိန်းနိုင်ငံ ခါကိဗ်မြို့နဲ့ ရုရှားနယ်စပ်နားက Tsupivka ရွာကို ဆက်သွယ်ထားတဲ့ ရထားတွေဟာ နိုဝင်ဘာ ၂၈ ရက်မှာ ပြန်ပြေးဆွဲနေပြီလို့ ရိုက်တာသတင်းထောက်တဦးက ပြောပါတယ်။

ယူကရိန်း မီးရထားအဖွဲ့တွေဟာ ခါကိဗ်ဒေသက ပျက်စီးနေတဲ့ မီးရထားလမ်းတွေကို ပြန်ပြင်နေတာ အချိန် ၁ လကျော်လောက် ရှိနေပါပြီ။

သူတို့ရဲ့ နောက်ဆုံးစစ်ဆေးမှုအတွင်း ရထားတွေနဲ့ လမ်းကြောင်းတွေ အပါအဝင် အပျက်အစီး ၇၇ ခုလောက်ကို တွေ့ရှိခဲ့တယ်လို့ ပရူဒီရန်ခါရွာရှိ မီးရထားလမ်းကို ပြုပြင်မှုတွေ လုပ်ဆောင်နေတဲ့အဖွဲ့မှ အကြီးတန်း ရထားဝန်ထမ်းက ရိုက်တာကို ပြောပါတယ်။

စစ်မဖြစ်ခင်က လူဦးရေ ၂,၀၀၀ လောက်နေထိုင်တဲ့ရွာက ရထားဘူတာဟာ စည်ကားခဲ့ပေမဲ့ အခုတော့ အဲဒီကျေးရွာမှာ နေထိုင်သူ အနည်းငယ်သာ ကျန်ရှိတော့ကြောင်း ပရူဒီရန်ခါဒေသခံ ယူရီးတိုကာက ပြောပါတယ်။ အရှေ့မြောက်ပိုင်းဒေသ ခါကိဗ်ကနေ ရုရှားတပ်တွေကို စက်တင်ဘာလမှာ ဖယ်ရှားခဲ့ပါတယ်။

10 mins Ago
Up