close

နယ်ထိန်းနေအိမ် ဗုံးကွဲ

close

September 26, 2021

ကံပေါက်ဒေသက နယ်ထိန်းနေအိမ် ဗုံးကွဲ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ မြသီတာရပ်ကွက်ရှိ  နယ်မြေရဲစခန်း နယ်ထိန်း ဦးကျော်မင်းဦးရဲ့ နေအိမ်မှာ    စက်တင်ဘာ ၂၆ ရက် ဒီနေ့  မွန်းလွဲ  ၁ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ဆိုင်ကယ်နဲ့လာရောက်ပြီး နေထိမ်ထဲကို ဗုံးပစ်သွင်းသွားတာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် နေအိမ်မှာ လူမရှိလို့  ထိခိုက် ဒဏ်ရာရသူတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အခုဗုံးပေါက်ကွဲတဲ့ နေအိမ်ဟာ ကံပေါက်ရဲစခန်းအနီးမှာတည်ရှိပြီး  ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ လာရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အခုဗုံးပေါက်ကွဲမှုဖြစ်စဥ်ဟာ ကံပေါက်ဒေသမှာ ပထမဦးဆုံး ဖြစ်ပွားတဲ့ ပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။

14 mins Ago
Up