close

နယ်ထိန်းရဲတပ်ဖွဲ့ဝင်

close

October 10, 2022

ဖားကန့်တွင် နယ်ထိန်းရဲတပ်ဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်မှာ အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက  နယ်ထိန်းရဲတပ်ဖွဲ့ တယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မရှီကထောင်ရပ်ကွက် စားသောက်ဆိုင်တန်းနားမှာ အမည်မသိသေနတ်သမားက  နယ်ထိန်းရဲ သက်နိုင်ဦးကို  ပစ်သတ်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနက် ၁၀ နာရီလောက်က မရှီကထောင်ကြိုးတံတားနား စားသောက် ဆိုင်တန်း မှာ  ပစ်သတ်သွားတာ။ နယ်ထိန်း  မုန့်လာစားတာ နဲ့တူတယ်။ ပွဲချင်းပြီးပဲ။ ဘယ်အဖွဲ့က ပစ်သွားလဲတော့ မသိရဘူး။”

အခင်းဖြစ်နေရာနားမှာတော့  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ဆေးမေးမြန်းနေပြီး ဒီပစ်ခတ်မှုကို ဘယ်သူကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ဘယ်အဖွဲ့အစည်းကမှ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဖားကန့်မြို့နယ်မှာ ပေါက်ကွဲမှုတွေ ပစ်ခတ်မှုတွေ မကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့တဲ့မေလကလည်း ရဲစခန်းနားမှာ ဗုံးပေါက်ကွဲလို့ ရဲတပ်ဖွဲ့ဝင် သုံးယောက်ဒဏ်ရာရှိခဲ့ကာ စက်တင်ဘာလကလည်း  မူးယစ်ရဲတပ်ဖွဲ့ဝင်တယောက်  သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

10 mins Ago

March 8, 2022

မိုးမောက်မြို့တွင် နယ်ထိန်းရဲတပ်ဖွဲ့ဝင်တဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် မိုးမောက်မြို့မှာ မတ် ၇ ရက် ညနေပိုင်းက နယ်ထိန်းရဲတပ်ဖွဲ့ဝင်တဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်းသိရပါတယ်။

နယ်ထိန်းရဲ ကျော်ဇေယျ ဆိုသူကို အမည်မသိသေနတ်သမားက သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ညနေ ၆ နာရီလောက်မှာ သူက ဆိုင်ကယ်ရပ်ပြီးအဆင်း နောက်ကနေ ဆိုင်ကယ်နဲ့ ပစ်သွားတာ ကျည်ဆန်က နောက်စေ့မှာ မှန်သွားတယ်။ ဘယ်သူပစ်လဲဆိုတာတော့ မသိရဘူး” လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

နယ်ထိန်းရဲ သေနတ်နဲ့ပစ်သတ်ခံရတဲ့နေရာကို  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာကာ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ပြီး အလောင်းကို မိုးမောက်ပြည်သူ့ဆေးရုံကို သယ်ဆောင်သွားပါတယ်။

မိုးမောက်မြို့နယ်အခြေစိုက် ခမရ ၄၃၇ တပ်ရင်းအရှေ့မှာ ဖေဖော်ဝါရီ ၁၈ ရက် ညအချိန် ဆိုင်ကယ်စီးနှင်းလာသူနှစ်ဦးကို စစ်ကောင်စီက သေနတ်နဲ့ပစ်သတ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာတော့ ခမရ ၄၃၇ရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

7 months Ago
Up