close

နယ်သာလန်ရောက် မြန်မာမိသားစုများ

close

May 11, 2021

နယ်သာလန်ရောက် မြန်မာမိသားစုများ Flash Strike သပိတ်တွင်ပူးပေါင်းပါဝင်

အမှောင်ဆုံးညကို တော်လှန်မယ့်  Flash Strike သပိတ်အား နယ်သာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက  မေလ၁၀ ရက်ညက ပြုလုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုကို နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့၊ လိုင်ဒန်မြို့၊ အောက်ဒွန်းမြို့၊ ပါ့ဒ်မဒန်းမြို့ စတဲ့မြို့တွေမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ စုပေါင်းလုပ်ဆောင်ခဲ့တာပါ။ နယ်သာလန်နိုင်ငံ‌ရောက် အမေ့သမီးများ  ပိုစတာကမ်ပိန်းလှုပ်ရှားမှု အဖွဲ့က Flash Strike  မှာ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

“အောင်မြင်တဲ့ Flash strike ဖြစ်ဖို့ မီးတွေပိတ်ထားပြီး မြန်မာပြည်တွင်းက ပြည်သူများအားလုံး Safe (ဘေးကင်း) ဖြစ်အောင်နေနိုင်ဖို့အတွက် သင်တို့နဲ့ အတူ ကျမတို့ ကိုယ်တိုင် ဒီသပိတ်ကြီးမှာ ပါဝင်ပြီး ကမ္ဘာကြီးတစ်ခုလုံး မြေပြင်မှာကြယ်တွေလင်းမယ်”လို့  လှုပ်ရှားမှုမှာပါဝင်သူက ဆိုပါတယ်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှုတစ်ခုအဖြစ် မြန်မာနိုင်ငံတဝန်း မြို့တွေနယ်တွေ အသီးသီးမှာ  မနေ့ညက Flash Strike သပိတ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

42 mins Ago
Up