close

နယ်သာလန်ရောက် မြန်မာများ

close

May 22, 2021

နယ်သာလန်ရောက်မြန်မာများ No Fly Zone Campaign ပြုလုပ်

နယ်သာလန်ရောက် မြန်မာနိုင်ငံဖွား အမေ့သမီးများ ပိုစတာကမ်ပိန်းလှုပ်ရှားမှု အုပ်စုက " No Fly Zone Campaign ကို မေလ ၂၂ ရက်နေ့က အမ်စတာဒမ်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

No Fly Zone Campaign ကို နယ်သာလန်နိုင်ငံရဲ့မြို့တော် အမ်စတာဒမ်မှာရှိတဲ့ Eye မြူဇီယမ်ရှေ့မှာ သွားရောက်ပြီး စက္ကူလေယာဉ်ပျံတွေခေါက်ကာ လေယာဉ်ပေါ်မှာ No Fly Zone in Myanmar နဲ့ Save Myanmar , အပြင် လက်ကိုင်ပိုစတာတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

“အကြမ်းဖက် စစ်ကောင်စီရဲ့ မြန်မာပြည်တွင်းက ဒေသအသီးသီးမှာ ပြည်သူတွေကို လေယာဉ်တွေနဲ့ အင်အားသုံးတိုက်ခိုက်နေတာတွေ တိုင်းရင်းသားဒေသတွေနဲ့ မြို့ပြတွေအထိကို လေယာဉ်တွေနဲ့ တိုက်ခိုက်လာမှုတွေကို ရပ်တန့်စေလိုတဲ့အတွက် ဒီနေ့ပါဝင်ပြုလုပ်ရခြင်းဖြစ်ပါတယ်” လို့ No Fly Zone Campaign ပါဝင်သူတဦးက ပြောပါတယ်။

မင်းတပ်က ပြည်သူတွေရဲ့ ခံစားရမှုတွေကို လွန်စွာစိတ်မကောင်းဖြစ်ရကြောင်းနဲံ နိုင်ငံတကာက လူသားခြင်းစာနာမှုတွေနဲ့ ကူညီပေးကြဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။

“အာဏာသိမ်းစစ်ကောင်စီတပ်တွေက လူသားတွေကို ဒိုင်းတွေလိုကာတိုက်ခိုက်တာတွေက လက်ခံနိုင်စရာမရှိပါဘူး။ Humans Are Not Shields လူသားတွေကို ဒိုင်းတွေလိုကာကွယ်ပြီး စစ်ဆင်ရေးတွေကို ကျမတို့အနေနဲ့ အပြင်းအထန် ရှုတ်ချပါတယ်။ ကျမတို့ရဲ့ သွေးချင်းညီအကိုတွေ အားလုံးစုဝေးနေထိုင်တဲ့ မြန်မာနိုင်ငံကို အားလုံးက တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပေးကြပါလို့ ပြောချင်ပါတယ်။”

No-Fly Zone Campaign ကို မနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီအထိ အမ်စတာဒမ်မြို့ရဲ့ အထင်ကရ လူစည်ကားရာ နေရာတွေမှာ ပြုလုပ်ခဲ့ပါတယ်။

12 hours Ago
Up