မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို အကျင့်ပျက် ခြစားမှု စွဲချက် ၇ ခုစလုံးမှာ အပြစ်ရှိတယ်ဆိုပြီး ကွာလာလမ်ပူတရားရုံးက ဇူလိုင် ၂၈ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကတော့ သူဟာ ယုံကြည်မှု ဖောက်ဖျက်မှု၊ ငွေကြေးခဝါချမှုနဲ့ အာဏာအလွဲသုံးစားမှု စွဲချက်တွေမှာ အပြစ်မရှိဘူးဆိုပြီး လျှောက်လဲထားတာပါ။
၂၀၀၉ ကနေ ၂၀၁၈ အတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ်အပေါ် စွဲဆိုမှုဟာ မလေးရှားနိုင်ငံရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကြိုးပမ်းချက်တွေအပေါ် စမ်းသပ်ချက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားပါတယ်။
ဝန်ကြီးချုပ်ဟောင်း နာဂျစ် ပတ်သက်နေတဲ့ 1MDB ရန်ပုံငွေ အရှုပ်တော်ပုံဟာ ကမ္ဘာလုံးဆိုင်ရာ လိမ်လည်မှုနဲ့ ခြစားမှုကွန်ရက်ကို ဖော်ထုတ်လိုက်တာပါ။
တကယ်လို့ ပြစ်မှုထင်ရှားရင် ဝန်ကြီးချုပ်ဟောင်းဟာ ပြစ်မှုတစ်ခုစီအတွက် ကြီးလေးတဲ့ ဒဏ်ငွေနဲ့ ထောင်ဒဏ် ၁၅ နှစ်ကနေ အနှစ် ၂၀ အထိ ကျခံရနိုင်ပြီး နာဂျစ်ကို ချက်ချင်း ပြစ်ဒဏ်ချမှတ်မလားဆိုတာ သဲသဲကွဲကွဲ မသိသေးပါဘူး။
နာဂျစ်ရဲ့ ရှေ့နေတွေကတော့ အမှုရဲ့ ရှုပ်ထွေးလှတဲ့ သဘာ၀ကြောင့် ပြစ်ဒဏ်ဆိုင်းငံ့တာမျိုး ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
တရားရုံးကြားနာချက်မတိုင်မီ နာဂျစ်က သူ့အပေါ် ချမှတ်မယ့် စီရင်ချက်မှန်သမျှကို အယူခံဝင်ပြီး အမှုပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။
ဖေ့စ်ဘွတ်စာမျက်မှာမှာ နာဂျစ်က ဒါဟာ သူ အပြစ်ကင်းစင်တာကို ပြသဖို့ အခွင့်အရေး ဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။
2 years Ago