မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပထမအကျော့ပွဲစဉ်မှာ အက်သလက်တီကို ပရိသတ်တချို့က နာဇီပုံစံအလေးပြုပြီး အားပေးခဲ့လို့ အရေးယူခံရတော့မှာဖြစ်ပါတယ်။
ဥရောပ ဘောလုံးအဖွဲ့ချုပ်ဟာ အက်သလက်တီကို ပရိသတ်တွေရဲ့ နာဇီပုံစံအလေးပြုပြီး အားပေးခဲ့ပုံကို ရုပ်သံပြကွက်တွေကနေ ပြန်လည်ကြည့်ရှုံသုံးသပ်ပြီးနောက်မှာ အရေးယူသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။
အက်သလက်တီကို အသင်းပရိသတ်တွေဟာ ကွင်းထဲကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ပြီး အဲဒီ အတွက်လည်း အရေးယူအပြစ်ပေးသွားမယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ အရေးယူမှုမှာ ဘယ်လောက်အတိုင်းအတာအထိ ဖြစ်မလဲဆိုတာတော့ မသိရသေးပါဘူး။
မန်စီးတီး အသင်းအားပေးသူတွေ ဖွဲ့စည်းထားတဲ့ တွစ်တာစာမျက်နှာကတော့ ဘောလုံးလောကမှာ ဖက်စစ်စနစ်ကို ကန်ထုတ်သွားဖို့ လိုအပ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။