close

နာရီဝက်မီးပိတ်သပိတ်

close

March 26, 2022

ဖက်ဆစ်တော်လှန်ရေးနေ့ နာရီဝက်မီးပိတ်သပိတ်တွင် ပါဝင်ကြရန် NUG နှိုးဆော်

လာမယ့် မတ် ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့မှာ နိုင်ငံတဝန်း  နာရီဝက်လျှပ်စစ်မီးပိတ်သပိတ် ဆင်နွှဲကြမှာဖြစ်လို့ ပြည်သူအားလုံးပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းနှိုးဆော်ထားပါတယ်။

တော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အကြမ်းဖက်အာဏာသိမ်းစစ်တပ်က သူ့ကို ပုံပြောင်းဖော်ပြခဲ့တဲ့ တပ်မတော်နေ့ဆိုတာကို ဆန့်ကျင်တဲ့အနေနဲ့ ညဘက် သတင်းလာချိန် ည ၈ နာရီကနေ ၈ နာရီခွဲ အထိ နိုင်ငံတဝန်း အိမ်တိုင်း လျှပ်စစ်မီး မသုံးပဲ ဆန္ဒပြကြဖို့နဲ့ ဒါဟာ နေ့စဉ်ပြတ်တောက်နေတဲ့ လျှပ်စစ်မီးကို အချိန်ပိုင်း မသုံးဘဲ ဆန္ဒပြတာ ဖြစ်သလို စီမံခန့်ခွဲ မှုညံ့ဖျင်းတဲ့ စစ်အုပ်စုလျှပ်စစ်ဌာနကို အကျပ်အတည်းဖြစ်စေတဲ့  မိနစ် ၃၀ လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာလည်း အာဏာသိမ်းပြီးချိန်ကတည်းက ပြည်သူတွေဟာ စီးပွားရေးကျပ်တည်းမှုနဲ့အတူ လျှပ်စစ်မီးပြတ်တောက်မှု အခက်အခဲတွေလည်း ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားတဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုကတော့ ဒီအခြေအနေမှာ အခြေအနေတွေ တည်ငြိမ်လာသယောင် မလျော်ဩဇာအသုံးပြုပြီး သူ့ရဲ့ လက်ဝေခံ ဌာနတွေအသီးသီးကို ပြန်လည် လည်ပတ်နိုင်ဖို့ ကြိုးစားနေသလို လာမယ့် တော်လှန်ရေးနေ့မှာလည်း အခမ်းအနားနဲ့ ကျင်းပဖို့ ပြင်ဆင်ပါတယ်။

54 seconds Ago
Up