close

နိုင်ငံခြားကြွေးမြီ

close

March 15, 2022

နိုင်ငံခြားကြွေးမြီကို ရူဘယ်ငွေဖြင့်သာပြန်ဆပ်မည်ဟု ရုရှားကြေညာ

ယူကရိန်းနိုင်ငံအပေါ်  စစ်ရေးကျူးကျော်မှု ရက်သတ္တပတ် သုံးပတ်အတွင်း ဝင်ရောက်လာပြီးနောက် ရုရှားအစိုးရမှာ ဘဏ္ဍာရေးဖိအားတွေလည်း မြင့်တက်လာနေပါတယ်။ 

နိုင်ငံတကာ ကြွေးမြီတွေကို ဒေါ်လာနဲ့မဆပ်ဘဲ ရူဘယ်ငွေကြေးနဲ့ပဲ ပြန်ဆပ်မယ်လို့ ရုရှားဘဏ္ဍာရေးဝန်ကြီးက  မတ်လ ၁၄ ရက်က ကြေညာပါတယ်။ 

သုံးသပ်သူတွေက ကြွေးမဆပ်တော့မယ့်သဘော ပြောတာလို့ မြင်ကြပါတယ်။ အနောက်စီးပွားရေးပိတ်ဆို့မှုကြောင့် ရုရှားဟာ ဂလိုဘယ်ဈေးကွက်ကနေ ဖြတ်တောက်ခြင်းခံ နေရတာပါ။ 

ရုရှားက မတ် ၁၆ ရက် ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတချို့ကို ဒေါ်လာ ၁၁၇ သန်း ပေးဆပ်စရာ ရှိတာပါ။ နိုင်ငံခြားငွေကြေးလဲလှယ်မှု တားမြစ်ထားခံရတာကြောင့် ရူဘယ်ငွေနဲ့ပဲ ပေးဆပ်မယ်လို့ ပြောနေတာပါ။ 

ရုရှားငွေတန်ဖိုးက စစ်ပွဲစတင်ကတည်းက အဆများစွာကျဆင်းပြီး နိုင်ငံတကာမှာ အလုပ်မဖြစ်တော့ပါဘူး။  ရုရှားဘဏ်တွေကို နိုင်ငံတကာငွေပေးချေမှု SWIFT စနစ်ကနေ တားမြစ်ပိတ်ပင်ထားပါတယ်။ 

7 mins Ago

March 8, 2020

ကြွေးမြီများ မဆပ်နိုင်ဟု လက်ဘနွန်ကြေညာ

ဘဏ္ဍာရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ လက်ဘနွန်နိုင်ငံဟာ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားကြွေးမြီတွေကို ပေးဆပ်နိုင်တော့မှာမဟုတ်ဘူးလို့ မတ်လ ၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။  ဝန်ကြီးချုပ် ဟတ်ဆန်ဒီယတ်က လက်ဘနွန်ဟာ ဒီတနင်္လာနေ့မှာ ပေးရမယ့်ငွေချေးစာချုပ်အကြွေး ဒေါ်လာ ၁ ဒဿမ ၂ ဘီလျံကို ပေးနိုင်တော့မှာမဟုတ်ကြောင်း ပြောခဲ့တာပါ။  “ဒီအကြွေးက လက်ဘနွန်က တတ်နိုင်တာထက် ပိုကြီးနေပါတယ်။ လက်ဘနွန်က ပေးဆပ်နိုင်တဲ့ အတိုးနှုန်းထက်လည်း ပိုကြီးနေတယ်” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။  လက်ဘနွန်နိုင်ငံဟာ လက်ဘနွန်ပေါင်ငွေ တန်ဖိုးကျဆင်းနေမှုကို ရင်ဆိုင်နေရပြီး အမေရိကန်ဒေါ်လာနဲ့ယှဉ်ရင် လပေါင်းများစွာ ငွေတန်ဖိုးကျနေခဲ့ပါတယ်။  ဆယ်စုနှစ်နဲ့ ချီပြီး အဆိုးဆုံး စီးပွားရေးအကျပ်အတည်းကိုရင်ဆိုင်နေရတဲ့ လက်ဘနွန်မှာ လူဦးရေရဲ့ ၄၀ ရာခိုင် နှုန်းကျော်ဟာ ဆင်းရဲမွဲတေမှုကို ခံစားရတော့မယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ စီးပွားရေးပညာရှင်တွေကတော့ ဘဏ္ဍာရေးကယ်ဆယ်မှု စာချုပ်တရပ်ကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အိုင်အမ်အက်ဖ်နဲ့ တွဲဖက်လုပ်ဆောင်ခြင်းကသာ တခုတည်းသော ဖြေရှင်းနည်း ဖြစ်ပြီး  ဒီလိုဖြစ်ဖို့ကလည်း နိုင်ငံမှာ လက်တွေ့ကျတဲ့ အပြောင်းအလဲတွေ လိုအပ်နေတယ်လို့ ပြောထားကြောင်း ရိုက်တာသတင်းက ဖော်ပြထားပါတယ်။ 
2 years Ago
Up