close

နိုင်ငံခြားဘာသာအခြေခံသင်တန်း

close

September 3, 2021

နွေဦးတက္ကသိုလ်က နိုင်ငံခြားဘာသာအခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်

တော်လှန်ရေးကာလမှာ ဘာသာစကားမျိုးစုံနဲ့ ထုတ်ဖော်ပြောဆို Speak Out လုပ်နိုင်ဖို့ ရည်ရွယ်ကာ CDM သူရဲကောင်းတွေကို ထောက်ပံ့ပေးနေတဲ့ နွေဦးတက္ကသိုလ်မှ Foreign Languages Basic Classes  ဖွင့်လှစ်ပေးသွားဖို့ရှိနေပါတယ်။ 

 Thai, German, Korean, Mandarin Chinese, French စတဲ့ ဘာသာစကားတွေကို နိုင်ငံခြားရောက် မြန်မာတွေ အပါအဝင် ဒီမှာရှိတဲ့ ဆရာ ဆရာမတွေလည်း သင်ကြားပေးမှာဖြစ်ပါတယ်။

တော်လှန်ရေးကာလမှာ ဘာသာစကားအသစ်တွေကို လေ့လာစူးစမ်းချင်သူတွေ အနေနဲ့ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်တွေကို သင်ယူပြီး တော်လှန်ရေးမှာ ပြန်လည် Speak Out လုပ်နိုင်မှာဖြစ်တယ်လို့  နွေဦးတက္ကသိုလ်မှ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဘာသာရပ် သင်တန်းမှ ရရှိတဲ့ သင်တန်းကြေးတွေကိုလည်း CDM သူရဲကောင်းတွေကို ချီးမြှင့်သွားမှာဖြစ်တာကြောင့် တော်လှန်ရေးအတွက် မိမိကိုယ်တိုင်လည်း တစ်ထောင့် တစ်နေရာက ပါဝင် ခွန်အားဖြည့်ပေးသလို ဖြစ်တယ်လို့ ဆိုပါတယ်။

သင်တန်းကြေးကိုတော့ ကျပ် ၁၀၀၀၀ ကနေ ကျပ် ၅၀၀၀၀ အကြား သတ်မှတ်ထားပြီး တက်ရောက်လိုသူတွေအနေနဲ့ Spring University Myanmar –SUM (နွေဦးတက္ကသိုလ်)  page မှာ ဝင်ရောက်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

Spring University Myanmar –SUM (နွေဦးတက္ကသိုလ်) ဟာ တော်လှန်ရေးကာလမှာ စတင်တည်ထောင်ခဲ့တဲ့ တက္ကသိုလ်တစ်ခုဖြစ်ပြီး လူငယ်တွေရဲ့ ပညာရေးဆိုင်ရာ လိုအပ်ချက်တွေ အပြင်လူငယ်တွေမှ တစ်ဆင့် သူတို့ ပတ်ဝန်းကျင်မှာ ကိုယ်သိထားတဲ့ အကြောင်းအရာတွေကို ပြန်လည်မျှဝေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

နွေဦးတက္ကသိုလ်မှ ရရှိတဲ့ အမြတ်ငွေအားလုံးကိုလည်း CDM ဝန်ထမ်းတွေကို ထောက်ပံ့ပေးနေတဲ့အပြင် စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း လှူဒါန်းပေးနေတယ်လို့ သိရပါတယ်။

2 mins Ago
Up