close

နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေး

close

September 1, 2022

ရုရှားနိုင်ငံသားများကို ဗီဇာပိတ်ရေး အီးယူနိုင်ငံခြားရေးဝန်ကြီးများဆွေးနွေး

ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဥရောပသမဂ္ဂ (အီးယူ) ကိုယ်စားလှယ်တွေဟာ ရုရှားနိုင်ငံသားတွေအတွက် ဗီဇာပိတ်ပင်မှု အလားအလာကို ဆွေးနွေးဖို့ သြဂုတ် ၃၁ ရက်က ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

အက်စတိုးနီးယား နိုင်ငံခြားရေးဝန်ကြီး အာမက်ရိန်းဆာလုကတော့ ဥရောပသမဂ္ဂထဲကို ရုရှားနိုင်ငံသားတွေ ဝင်ရောက်မှုကို တားမြစ်ဖို့ လိုအပ်တာကြောင့်  အမြန်အရေးယူ ဆောင်ရွက်ဖို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးမူဝါဒအတွက် အီးယူအဆင့်မြင့် ကိုယ်စားလှယ် ဂျိုးဇက်ဖှ် ဘော်ရဲလ် ကတော့ ကွယ်လွန်သူ မစ်ခေးလ်ဂေါ်ဘာချက်ဗ်ရဲ့ စစ်အေးတိုက်ပွဲကို ရပ်တန့်ပြီး အနောက်နိုင်ငံတွေနဲ့ လိုအပ်နေတဲ့ ပူးပေါင်းဆောင်ရွက်မှုကို စတင်ခဲ့တဲ့ ကြိုးပမ်းမှုတွေကို အမှတ်ရ ပြောကြားခဲ့ပြီး ခုတော့ မျှော်လင့်ချက်တွေ ပျောက်ကွယ်သွားခဲ့ပြီလို့ ဆိုပါတယ်။

ဂျာမန် နိုင်ငံခြားရေး၀န်ကြီး အန်နာလီနာဘဲရ်ဘော့က်ကတော့ မကြာသေးခင် လတွေအတွင်းက ဂျာမန်စာရင်းတွေမှာ ဗီဇာပေးတဲ့အရေအတွက် ကျဆင်းသွားခဲ့ကြောင်းနဲ့ ရှန်ဂန်ဗီဇာကိုသုံးပြီး ရုရှားနိုင်ငံကနေ အမြန်ထွက်သွားနိုင်ဖို့ လိုအပ်သူတွေအတွက် ဥပမာ သတင်းထောက်တွေ၊ ကျောင်းသားတွေအတွက် ဗီဇာတွေပေးခဲ့ကြောင်း ပြောသွားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးတွေဟာ မော်စကိုနဲ့ ဗီဇာသဘောတူညီချက်ကို ဆိုင်းငံ့ထားဖို့ သဘောတူဖွယ်ရှိကြောင်းနဲ့ ရုရှားနိုင်ငံသားတွေအတွက် အီးယူကို ဗီဇာလျှောက်ထားမှုမှာ ငွေကြေး ပိုကုန်ကျပြီး အချိန်ပိုကြာအောင် လုပ်ဆောင်ဖွယ်ရှိကြောင်း သံတမန်တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

1 min Ago
Up