အမေရိကန်က တရုတ်ကို ထိန်းချုပ်ဖို့ ထိုင်ဝမ်ကို အသုံးချတာဟာ မဖြစ်လာနိုင်တဲ့ မျှော်လင့်ချက် သက်သက်ဖြစ်ပြီး ထိုင်ဝမ်ကျွန်းက တရုတ်ပြည်မကြီးရင်ခွင်ကို ပြန်ရောက်လာမယ့် သမိုင်းဝင်လမ်းကြောင်းကို မရပ်တန့်နိုင်ဘူးလို့ တရုတ်နိုင်ငံတော် ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောကြားလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပတဲ့ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ဩဂုတ် ၅ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ဝမ်ယီက အခုလို မှတ်ချက်ပေးခဲ့တာပါ။
“ပေလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ဟာ စက်ဆုပ်ဖွယ်ကောင်းတဲ့ ခရီးစဉ်တခုပါပဲ။ ဒီခရီးစဉ်ဟာ ကမ္ဘာပေါ်မှာ တရုတ် တနိုင်ငံတည်းသာရှိတယ်ဆိုတဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ သဘောတူညီမှုကို ခိုင်မာစေပြီး ဆုံးဖြတ်ချက်ကို ခိုင်မာစေခဲ့ပါတယ်။ ခေတ်မီ ဆိုရှယ်လစ်နိုင်ငံကြီးအဖြစ် တရုတ်ပြည်ကြီးကို စည်းလုံးညီညွတ်ပြီး အရှိန်မြှင့် တည်ဆောက်ဖို့ တရုတ်လူမျိုး ၁.၄ ဘီလီယံမှာ ဆန္ဒရှိတယ်။”
ထိုင်ဝမ်လွတ်လပ်ရေးရဖို့ အမေရိကန်ကို အားကိုးရင် ထိုင်ဝမ်ခွဲထွက်ရေးတပ်ဖွဲ့တွေ ကျရှုံးမှာ ဖြစ်ပြီး သူတို့လည်ပင်းက ကြိုးကွင်းတွေပဲ ပိုတင်းကြပ်သွားမယ်လို့ ဆိုပါတယ်။
တရုတ်က အခိုင်အမာ ဆန့်ကျင်နေပေမယ့် တရုတ်ရဲ့ အချုပ်အခြာကို လှိုက်စားရင်း ထိုင်ဝမ် ရေလက်ကြားတလွှားက အခြေအနေတွေကို အမေရိကန်က ပြောင်းလဲပစ်ခဲ့တဲ့ သမိုင်းဝင် အချက်အလက်တွေကိုလည်း ဝမ်ယီက စာရင်းပြုစု ပြောဆိုခဲ့ပါတယ်။