အီရန်တော်လှန်ရေးအစောင့်တပ်ဟာ ပင်လယ်ကွေ့ရေပြင်က ဒီဇယ်မှောင်ခိုကူးတယ်လို့ စွပ်စွဲခံရတဲ့ နိုင်ငံခြားသင်္ဘော တစင်းကို ဖမ်းဆီးထားတယ်လို့ နိုဝင်ဘာ ၂၀ ရက်မှာ တပ်မှူးက ပြောပါတယ်။
မှောင်ခိုဒီဇယ် တင်ဆောင်လာတဲ့ နိုင်ငံခြားသင်္ဘောတစ်စင်းကို စစ်ဆေး သိမ်းဆည်းရမိခဲ့ပြီးနောက် မှောင်ခိုဒီဇယ် လီတာ ၁ သိန်းခွဲကျော် ရှာဖွေတွေ့ရှိခဲ့တယ်လို့ တောင်ပိုင်း ပါရှန်းပြည်နယ်ရှိ ရေတပ်စခန်း ၄၁၂ မှ တပ်မှူး ဗိုလ်မှူးကြီးအာမဒ်ဟာဂျန်းရဲ့ အပြောကို ကိုးကားပြီး အီရန်နိုင်ငံပိုင် အသံလွှင့်ဌာနက ပြောပါတယ်။
သင်္ဘောအမှုထမ်း ၁၁ ဦးကိုတော့ စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထာပြီး ဘယ်နိုင်ငံက သင်္ဘောဖြစ်တယ်၊ ဘယ်အချိန်မှာ ဖမ်းမိတယ် စသဖြင့် အသေးစိတ် အချက်အလက်တွေကိုတော့ ပြောကြားခြင်း မရှိပါဘူး။
မကြာသေးမီနှစ်တွေအတွင်း ပင်လယ်ကွေ့မှာ သင်္ဘောအများအပြား တိုက်ခိုက်ခံရတာ ဒါမှမဟုတ် ဖမ်းဆီးခံရတဲ့ ကိစ္စတွေ ဆက်တိုက်ဖြစ်ပွားခဲ့ရာမှာ ခုဖြစ်ရပ်က နောက်ဆုံးဖြစ်ပါတယ်။
အီရန်နိုင်ငံရဲ့ စီးပွားရေးကို ကာကွယ်ဖို့အတွက် သူ့တပ်ဖွဲ့ဟာ ပင်လယ်ပြင်မှာ လောင်စာဆီ မှောင်ခိုကူးခြင်းကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ဟာဂျန်က ပြောပါတယ်။