ရေနံပြဿနာကို လျှော့ချဖို့ အရန်သိုလှောင်ထားတဲ့ ရေနံစည် သန်း ၆၀ ထုတ်ပေးမယ်လို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) က ကြေညာလိုက်ပါတယ်။
IEA အကြီးအကဲ ဖိန့်တ် ဘရစ်တိုက “ကျနော်တို့မှာ ရေနံအများအပြား သိုလှောင်ထားတာ ရှိပါတယ်။ အခု စည်သန်း ၆၀ ကို ထုတ်ပေးပါမယ်။ သိုလှောင်ထားတဲ့စည် စုစုပေါင်းထဲက ၄ ရာခိုင်နှုန်း စထုတ်ပေးတာပါ။ အစိုးရတွေ တိုင်ပင်ညှိနှိုင်းပြီးရင် ဈေးကွက်ထဲ ထပ်ချပေးပါမယ်” လို့ ပြောပါတယ်။
နောက်အပတ်ထဲမှာလည်း သဘာဝဓာတ်ငွေ့ ထုတ်ပေးဖို့ရှိပြီး သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အချက် ၁၀ ချက်ပါ အစီအစဉ်နဲ့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်တဲ့ ရုရှားအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ ရုရှားရေနံတင်ပို့မှု အားလုံး ပိတ်ပင်ဖို့ ကြေညာလိုက်ပြီးနောက် အမေရိကန်ပြည်ထောင်စုမှာ စွမ်းအင်ဈေးနှုန်းတွေ ထိုးတက်သွားပါတယ်။