close

နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်

close

June 13, 2022

ဘောလုံးပွဲတွင် ကစားသမား ၅ ဦးထိ လူစားလဲခွင့်ကို ပုံသေစည်းမျဉ်းအဖြစ် သတ်မှတ်ပြဋ္ဌာန်းမည်

ဘောလုံးပွဲစဉ်တပွဲမှာ ကစားသမား  ၅ ယောက်အထိ လူစားလဲခွင့်ကို ပုံသေစည်းမျဉ်းအဖြစ် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်တွေက တရားဝင်သတ်မှတ်ပြဋ္ဌာန်းသွားတော့မယ်လို့ သိရပါတယ်။

မူလက ဘောလုံးဥပဒေအရ ကစားပွဲတပွဲမှာ  လူစားလဲခွင့် ၃ ကြိမ်သာ သတ်မှတ်ပြဋ္ဌာန်းထားခဲ့ပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ စည်းမျဉ်းအပြောင်းအလဲဖြစ်ပေါ်ခဲ့တာပါ။

ကစားသမားတွေရဲ့ဘေးကင်းလုံခြုံစိတ်ချရမှုနဲ့ အင်ပြည့်အားပြည့် ကစားနိုင်စေဖို့ ရည်ရွယ်ပြီး လူစားလဲခွင့် ၃ ယောက်ကနေ ၅ ယောက် အထိပြောင်းလဲ သတ်မှတ်ခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီအထိ အင်္ဂလန်ပြည်တွင်း လိဂ်ပွဲစဉ် တွေကလွဲရင် တခြားဘောလုံးပြိုင်ပွဲအသီးအသီးမှာ ၅ ယောက် အထိ လူစားလဲခွင့်ပေးခဲ့ပါတယ်။

အင်္ဂလန်မှာလည်း လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကစတင်ပြီး ကစားသမား ၅ ယောက်အထိ လဲခွင့်ပေးတော့မှာ ဖြစ်ပါတယ်။ 

နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်များ ဘုတ်အဖွဲ့ဟာ ၅ ယောက် လူစားလဲခွင့်ကို ဘောလုံးဥပဒေအနေနဲ့ အတည်ပြုသတ်မှတ်ပြဋ္ဌာန်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုတွေလည်း လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။

1 min Ago
Up