close

နိုင်ငံတော်သီချင်း

close

November 22, 2022

အီရန်ကစားသမားများ နိုင်ငံတော်သီချင်းမဆိုဘဲ အစိုးရကို ဆန္ဒပြ

အင်္ဂလန်နဲ့ပွဲမစခင်မှာ အီရန်ကစားသမားတွေဟာ နိုင်ငံတော်သီချင်းမဆိုဘဲ တိတ်ဆိတ်ပြီးတော့ အီရန်အစိုးရကို ဆန္ဒပြခဲ့ပါတယ်။

အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့လပိုင်းအတွင်း လူထုဆန္ဒပြပွဲတွေရှိခဲ့ပြီး အီရန်အာဏာပိုင်တွေက အင်အားသုံးနှိမ်နှင်းခဲ့ရာမှာ  လူ ၄၀၀ ခန့်သေဆုံးခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြတဲ့ အီရန်ပြည်သူတွေကို နှိမ်နင်းခဲ့တဲ့ အီရန်အာဏာပိုင်တွေကို ဆန္ဒပြတဲ့အနေနဲ့ အီရန်ကစားသမား တွေက နိုင်ငံတော်သီချင်း မဆိုဘဲ နေခဲ့ကြတာပါ။

နိုင်ငံတော်သီချင်းဖွင့်ထားချိန်မှာ ပွဲကြည့်စင်က အီရန်ပရိသတ်တွေက အမျိုးသမီး၊ ဘဝ၊ လွတ်လပ်မှု ဆိုတဲ့စာသားတွေကို အော်ဟစ်ကြွေးကြော်ခဲ့ပါတယ်။

အီရန်အစိုးရပိုင်ရုပ်သံကတော့ ကစားသမားတွေကို နိုင်ငံတော်သီချင်းမဆိုခဲ့တာကို ဖုံးကွယ်ခဲ့ပြီး မြင်ကွင်းအကျယ်ရိုက်ချက်ကိုပဲ ပြသခဲ့တယ်လို့သိရပါတယ်။

အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့စက်တင်ဘာလက  အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်တယောက်ကို ဖမ်းဆီးရာကနေ အသက်သေဆုံးခဲ့တာကြောင့် လူထုဆန္ဒပြပွဲတွေဖြစ်ပေါ်လာခဲ့ပြီး သေဆုံးသူတွေနဲ့ ဖမ်းဆီးခံရသူအရေအတွက် တိုးလာနေဆဲဖြစ်ပါတယ်။

10 mins Ago

October 21, 2019

နိုင်ငံတော်သီချင်းကို သတိဆွဲပြီး ချန်ပီယံပထမ နေရာကနေ နားထောင်ရတဲ့ ခံစားချက်က အရမ်းပီတိရှိတာပဲ - သက်ထားသူဇာ

အီဂျစ် နိုင်ငံတကာကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြန်မာကြက်တောင်မယ် သက်ထားသူဇာက ဝေးလ်နိုင်ငံသူ ဂျော်ဒန်ဟတ်ကို နှစ်ပွဲပြတ် အနိုင်ယူပြီး ဗိုလ်စွဲသွားပါတယ်။ လက်ရှိချန်ပီယံ သက်ထားသူဇာက ဂျော်ဒန်ဟတ်ကို ပထမပွဲမှာ ၂၁-၆ နဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲမှာတော့ ၁၂-၁ မှတ်နဲ့ ဂျော်ဒန်ဟတ်က အရှုံးပေးသွားခဲ့တာပါ။ အခုလို နိုင်ပွဲရရှိခဲ့တာနဲ့ ပတ်သက်ပြီး သက်ထားသူဇာက “မြန်မာနိုင်ငံတော်သီချင်းကို သတိဆွဲပြီး ချန်ပီယံ ပထမနေရာကနေ နားထောင်ရတဲ့ ခံစားချက်က အရမ်းပီတိရှိတာပဲ။ မြန်မာတယောက်အနေနဲ့ ညီမတို့နိုင်ငံအတွက် ပထမဆုကို အရမ်းဂုဏ်ယူမိပါတယ်” လို့ သူ့လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကနေ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လာရောက်အားပေးကြတဲ့ မြန်မာ နိုင်ငံသူနိုင်ငံသားတွေ၊ အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ ဇနီးတို့ အပါအဝင် Online  ကနေ ပွဲအဖြေကို စောင့်ကြည့်အားပေးကြတဲ့သူတွေ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်လို့ ဆိုပါတယ်။ သက်ထားသူဇာက Egypt International Series 2019 ပထမအဆင့်မှာ အိမ်ရှင် အီဂျစ်ကစားသမား ဂျာနာ၊ ဒုတိယအဆင့်မှာ အိန္ဒိယကစားသမား ရစ်တီကာ၊ ကွာတားဖိုင်နယ်မှာ ကန်နီကာနဲ့ ဆီမီးဖိုင်နယ်မှာ ပီရူးကစားသမား ဒန်နီရယ်လာတို့ကို နှစ်ပွဲပြတ်စီနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဆုတွေ ဆွတ်ခူးရရှိထားခဲ့တဲ့ သက်ထားသူဇာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်က မော်လ်ဒိုက်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Maldives International Challenge 2019 ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့ပေမယ့် ပြိုင်ဘက်ဟောင်း ဗီယမ်နမ်နိုင်ငံသူ ဗူသီထရန်ကို ရှုံးနိမ့်ခဲ့ပြီး ပူးတွဲ တတိယဆုသာ ရရှိခဲ့တာပါ။ အသက် ၂၁ နှစ်အရွယ် မသက်ထားသူဇာဟာ နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွေမှာ အခုပြိုင်ပွဲ အပါအဝင် ရွှေတံဆိပ် ၇ ခုရရှိထားပြီး ကမ္ဘာ့ကြက်တောင်ရိုက်အားကစားအဖွဲ့ချုပ်ရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၆၅ မှာ ရပ်တည်နေပါတယ်။
3 years Ago
Up