ရုရှားနိုင်ငံရဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့ အခြေအနေမှာ နိုင်ငံတော်အရေးပေါ် အခြေအနေကို ယူကရိန်း လွှတ်တော်က ဖေဖော်ဝါရီ ၂၃ ရက်က အတည်ပြုလိုက်ပါတယ်။
တနိုင်ငံလုံး လွှမ်းခြုံတဲ့ အရေးပေါ် အခြေအနေ အမိန့်ကို သမ္မတ ဇီလန်စကီးက လွှတ်တော်ကို တင်ပြလာတာပါ။
ဥရောပသမဂ္ဂ အီးယူကလည်း ယူကရိန်း နယ်မြေနှစ်ခုကို သီးခြားလွတ်လပ်တဲ့ နယ်မြေအဖြစ် အသိအမှတ်ပြုဖို့ ထောက်ခံမဲပေးခဲ့ကြတဲ့ ရုရှား အောက်လွှတ်တော်အမတ်တွေကို နာမည်ပျက်စာရင်းသွင်းပြီး သူတို့ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်ဖို့ ရှိပါတယ်။
အီးယူရဲ့ ဒုတိယမြောက် ပိတ်ဆို့မှုမှာ ပို့ကုန်တွေကို ကန့်သတ်တာတွေလည်း ပါဝင်လာပါလိမ့်မယ်။ အီးယူခေါင်းဆောင်တွေရဲ့အရေးပေါ်အစည်းအဝေးကို ဒီနေ့ ပြုလုပ်ဖို့ ရှိပါတယ်။
ရုရှားကတော့ ယူကရိန်းကို ကျူးကျော်မှာ မဟုတ်ဘူးလို့ ပြောနေပေမဲ့ ယူကရိန်း နယ်စပ်ကနေ ရုရှားတပ်တွေကိုတော့ အခုထိ မရုပ်သိမ်းသေးပါဘူး။
မနေ့က ကီယက်မြို့တော်ရှိ ရုရှားသံရုံးမှာ ရုရှားအလံကို ချထားလိုက်ပြီး သံတမန်တွေကိုလည်း လုံခြုံရေးအခြေအနေကြောင့် ကယ်ထုတ်ဖို့ အမိန့်ပေးထားပြီး ဖြစ်ပါတယ်။
တပ်မတော်ကနေ နိုင်ငံတော်အချုပ်အခြာအာဏာကို တစ်နှစ် ထိန်းသိမ်းလိုက်ပြီလို့ တပ်မတော်ပိုင် မြဝတီရုပ်သံ ကနေ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းမှာကြေညာလိုက်ပါတယ်။
အခုကျင်းပခဲ့တဲ့ ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲဟာ ဆိုးရွားပြီး လွဲမှားနေတဲ့ မဲစာရင်းတွေ ဖြစ်ပေါ်မှုတွေကို ဖြေရှင်းဖို့ ငြင်းပယ်ပြီး အရေးယူဆောင်ရွက်ခြင်းမပြုသလို ပြည်သူလွှတ်တော်နဲ့ အမျိုးသားလွှတ်တွေကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုမှုအပေါ်မှာလည်း ရွှေ့ဆိုင်းပေးခြင်းမရှိဘဲ ပြည်သူလွှတ်တော်အစည်းအဝေးကို အစီစဉ်အတိုင်း လုပ်ဆောင်တာက ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၇ အရ နိုင်ငံတော် အချုပ်ခြာအာဏာကို အဓမ္မနည်းနဲ့ ရယူဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေတယ်လို့လည်း ဖော်ပြပါတယ်။
အခုဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို မှန်ကန်စွာဖြေရှင်းခြင်းမပြုပါက နိုင်ငံတော်ရဲ့ ဒီမိုကရေစီလျှောက်လှမ်းမှုမှာ အခက်ခဲတွေ ဖြစ်ပေါ်လာစေမှာ ဖြစ်တာကြောင့် ဥပဒေနည်းအရ ဖြေရှင်းဖို့ လိုအပ်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာလိုက်တာလို့ ဆိုပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၈ ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေးအာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီကို လွှဲအပ်တာဝန်ပေးလိုက်တာလို့ ကြေညာပါတယ်။