close

နိုင်ငံတော်အလံ တိုင်တဝက်ချ

close

July 6, 2022

ဟိုက်လန်းပါ့ခ်မြို့ ပစ်ခတ်မှုကြောင့် သေဆုံးသူများအတွက် အိမ်ဖြူတော်တွင် နိုင်ငံတော်အလံ တိုင်တဝက်ချ

အမေရိကန်နိုင်ငံ၊ အီလီနိုက်စ်ပြည်နယ် ဟိုက်လန်းပါ့ခ်မြို့က သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးသွားသူတွေကို ဝမ်းနည်းတဲ့အထိမ်းအမှတ်အနေနဲ့ အိမ်ဖြူတော်မှာ ဇူလိုင် ၄ ရက်နေ့က နိုင်ငံတော်အလံကို တိုင်တဝက်ချထားတာကို တွေ့ရပါတယ်။ 

ဇူလိုင် ၄ ရက် အမေရိကန် လွတ်လပ်ရေးနေ့ ဂုဏ်ပြုချီတက်သူတွေကို သေနတ်နဲ့ ပစ်တယ်လို့ သံသယရှိသူဟာ အသက် ၂၁ နှစ်အရွယ် ရောဘတ် ခရင်မို Robert E. Crimo III ဆိုသူဖြစ်ပြီး သူ့ကို ရဲက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ 

ပစ်ခတ်မှုအတွင်း လူ ၆ ယောက်သေဆုံးပြီး ၃၀  ဒဏ်ရာရသွားပါတယ်။ သေနတ်သမားဟာ ရိုင်ဖယ်သေနတ်ကို တရားမဝင် ကိုင်ဆိုင်ထားတာဖြစ်ပြီး အမျိုးသမီး အဝတ်အစားကို ဝတ်ပြီး တိုက်ခေါင်မိုးပေါ်ကနေ လမ်းလျှောက်ချီတက်နေသူတွေကို သေနတ်အချက်ပေါင်း ၇၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ 

သေနတ်သမားဟာ ဒီလို ပစ်ခတ်ဖို့အတွက် ရက်သတ္တပတ်ပေါင်းများစွာကတည်းက စီစဉ်ခဲ့တာ ဖြစ်ပြီး အခုတော့ သူ့ကို စွဲချက်တင်မယ့် အမှုကို စိစစ်နေပါတယ်။

45 seconds Ago
Up