close

နိုင်ငံရေးခေါင်းဆောင်

close

November 5, 2022

အမေရိကန်တွင် နိုင်ငံရေးခေါင်းဆောင်များအပေါ် ခြိမ်းခြောက်မှုများ မြင့်တက်

အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးခေါင်းဆောင်တွေအပေါ် ခြိမ်းခြောက်မှုတွေ မြင့်တက်လာ နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီရဲ့ အသက် ၈၂ နှစ်အရွယ် ခင်ပွန်းဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ပေါလ်ပလိုစီဟာ အောက်တိုဘာ ၂၈ ရက်အစောပိုင်းက ဆန်ဖရန်စစ္စကို မြို့ရှိ သူတို့ရဲ့နေအိမ်ကို ဖောက်ထွင်းဝင်ရောက်မှုအတွင်း ကျူးကျော်သူကနေ ဓားနဲ့ တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ 

အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးပုဂ္ဂိုလ်တွေ၊ ကိုးကွယ်ရာနေရာတွေနဲ့ တိုင်းရင်းသား သို့မဟုတ် လူမျိုးစုတွေအပေါ် တိုက်ခိုက်မှုတွေက ဆယ်စုနှစ်ပေါင်းများစွာချီပြီး ဖြစ်ပျက်နေကျလို့ ဆိုပါတယ်။ 

ပေါလ်ကို တိုက်ခိုက်မှုဟာ နိုဝင်ဘာ ၈ ရက် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့ပြီး ဆယ်စုနှစ်တွေအတွင်း အပြင်းထန်ဆုံးနဲ့ သဘောထားအကွဲလွဲဆုံး အမေရိကန် မဲဆွယ်ပွဲတွေအတွင်း အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တို့ကို ထိန်းချုပ်ဖို့ ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ 

7 mins Ago

May 23, 2022

အတိုက်အခံနိုင်ငံရေးခေါင်းဆောင် တရားစွဲခံရမှုအပေါ် တူရကီနိုင်ငံသားများ ဆန္ဒပြ

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ထောင်ချီတဲ့လူတွေ မေ ၂၁ရက်က စုရုံးခဲ့ပြီး တူရကီ ထိပ်တန်း အတိုက်အခံ နိုင်ငံရေးသမား ကာနန် ကက်ဖ်တန်ချိုဂလူကို သမ္မတနဲ့ နိုင်ငံတော်ကို စော်ကားမှုနဲ့ တရားစွဲတာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

မြို့အတွင်း မာလ်တေပေခရိုင်ထဲမှာ ဆန္ဒပြသူတွေဟာ သီချင်းတွေ သီဆိုရင်း အတိုက်အခံ အလံနဲ့ နိုင်ငံတော်အလံတွေကို ဝှေ့ယမ်းခဲ့ကြပါတယ်။

ထောင်ဒဏ်ငါးနှစ်ပြစ်ဒဏ် စီရင်ခံရတဲ့ ကက်ဖ်တန်ချိုဂလူဟာ ရီပတ်ဗလစ်ကင် ပြည်သူ့ပါတီရဲ့ အစ္စတန်ဘူရုံးခွဲ ခေါင်းဆောင် ဖြစ်သလို အပြင်းထန်ဆုံး အသံတွေထဲက တခုလည်း ဖြစ်ပါတယ်။

သူဟာ တူရကီနိုင်ငံရဲ့ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုဟာ ၂၀၁၆ အာဏာသိမ်းအပြီး မကြာ သေးတဲ့ နှစ်တွေအတွင်း အထူးသဖြင့် တရားစီရင်ရေးမဏ္ဍိုင်နဲ့ တခြားနိုင်ငံတော်အဖွဲ့များကို ဖြိုခွင်းခဲ့ပြီး လတ်တလော နှစ်တွေမှာတော့ မီးမောင်းထိုးပြခံထားရပါတယ်။

တူရကီ ဥပဒေအောက်မှာ ငါးနှစ်အောက် ပြစ်ဒဏ်တွေကို ဆိုင်းငံ့ထားပြီး ကက်ဖ်တန်ချိုဂလူကို ထောင်ချမှာ မဟုတ်ဘူးလို့ တရားရေး ပညာရှင် ၂ ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

6 months Ago
Up