ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ လူဦးရေစာရင်းကောက်ယူရင်း စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာတွေက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ UG တွေကို ဖမ်းဆီးရရေးအတွက် လုပ်ဆောင်လာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စမ်းချောင်းမြို့နယ်ရှိ ရပ်ကွက်တွေမှာတော့ လူဦးရေစာရင်းကောက်ယူရင်း ကိုယ်ရေးအချက်အလက် တောင်းခံတာတွေ စစ်ကောင်စီက ပြုလုပ်လာတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“လူဦးရေစာရင်းကောက်တာ နားလည်တယ်။ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်ရှိလို့ အဲ့ဒီအတိုင်း ဖြေရင် ရပြီလေ။ အလုပ်ကိစ္စတွေ မေးတယ်၊ ဘယ်မှာလုပ်တာလဲ၊ ဝန်ထမ်းလား၊ CDM လား ဆိုတာ စစ်တဲ့သဘောပဲ။”
ကိုယ်ရေးအချက်လက်တွေ တောင်းခံတဲ့ မြို့နယ်တွေရှိသလို မြောက်ဥက္ကလာပမြို့နယ် ရွေပေါက်ကံမြို့သစ်မှာတော့ ဧည့်စာရင်းနဲ့ နေထိုင်သူတွေကို ဓာတ်ပုံရိုက်ခိုင်းတာလည်း ရှိတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရွှေပေါက်ကံမှာ ၁ ရပ်ကွက်ကနေ ၂၂ ရပ်ကွက်ထိ ရှိတယ်။ ဧည့်စာရင်းနဲ့နေတဲ့သူတွေ အကုန် မှတ်ပုံတင်မိတ္တူပေးရတယ်။ မိသားစုဓာတ်ပုံနှစ်ပုံ ရုံးကိုရိုက်ပေးရတယ်။”
တောင်ဥက္ကလာပမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းကာ အုပ်ချုပ်ရေးအဖွဲ့နဲ့ အိမ်အရောက် လိုက်လံကောက်ခံတာရှိတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“တောင်ဥက္ကလာမှာကျတော့ ဓာတ်ပုံမရိုက်ရဘူး။ လဝက က သူတို့ရုံးကနေ သန်းခေါင်စာရင်း ယူလာတယ်။ အိမ်ကသန်းခေါင်စာရင်းနဲ့ တိုက်ကြည့်တယ်။ ဧည့်စာရင်းနဲ့နေတဲ့သူတွေ ကျတော့ သူတို့ရုံးကယူလာတဲ့ စာရွက်ထဲမှာ မေးပြီး ထပ်ဖြည့်တယ်။”
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စမ်းချောင်း၊ အင်းစိန်နဲ့ လှိုင်မြို့နယ်က ရပ်ကွက်တချို့မှာလည်း လူဦးရေစာရင်းကောက်ယူရင်း စစ်ကောင်စီတပ်က အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။
ရန်ကုန်၊ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံတဝန်း ဇန်နဝါရီ ၉ ရက်က စတင်ကာ လူဦးရေစာရင်း ကောက်ယူခဲ့ရာ ၁၄ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။
ပဲခူးတိုင်း၊ ပြည်မြို့ရှိ အကျဉ်းထောင်မှာ ဖမ်းဆီးခံနေရတဲ့ လွှတ်တော်အမတ် ၂ ယောက် အပါအဝင် နိုင်ငံရေးလှုပ်ရှားသူ အယောက် ၄၀ ကို ဒီဇင်ဘာလ ၂၉ ရက် ဒီကနေ့ စစ်ကောင်စီက ထောင်ဒဏ်တွေ အသီးသီးချမှတ်လိုက်တယ်လို့ အကျိုးဆောင် ရှေ့နေအဖွဲ့ထံက သိရပါတယ်။
ရွှေတောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအုံးသွင်၊ ပန်းတောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊ ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲဒင်၊ ပြည်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဝင်းတို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်တာဖြစ်ပါတယ်။
နိုင်ငံရေးလှုပ်ရှားသူ စုစုပေါင်း အယောက် ၄၀ ယောက်ကို ပြည်ထောင်အထူးတရားရုံးကနေ မြို့နယ်တရားသူကြီး ဦးနေဦးနဲ့၊ ဦးစိုးမိုးနိုင်တို့က ထောင်ဒဏ် အမိန့်တွေချမှတ်လိုက်တာဖြစ်ပြီး ချုပ်ရက်တွေကို ထုတ်နုတ်ခံစားဖို့ အမိန့်ထဲမှာပါရှိပါတယ်။
အခုအမိန့်ချခံရသူတွေထဲမှာ စစ်တပ်အာဏာစသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးခံရသူသူတွေလည်း ပါဝင်ပြီး သူတို့ဆိုရင်ချုပ်ရက်က ၁၀ လ ကျော် ကြာအောင် ထောင်ထဲမှာ ချုပ်နှောင်ခံထားရပြီး ဖြစ်ပါတယ်။
အဲ့ဒီထောင်ကျသူတွေအထဲမှာ အသက် ၇၀ ကျော်နဲ့ ၇၀ နီးပါး ၂ ယောက်ပါဝင်ပြီး သူတို့ ၂ ယောက်လုံး ကျန်းမာရေးမကောင်းတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။
ထောင်ထဲမှာ အမိန့်မချသေးပဲချုပ်နှောင်ထားခံရသူပေါင်း နောက်ထပ် အယောက် ၁၀၀ လောက် ကျန်နေသေးတယ်လို့ ပြည်ထောင်ကနေလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံရသူ အယောက် (၄၀) စာရင်း
၁။ကိုဝေယံထွန်း ( ပုဒ်မ ၅၀၅ က) - ၂နှစ်
၂။ကိုပူကြူးနိုင် (ခ) ထက်အောင်၀င်း (၅၀၅က) -၂ နှစ်
၃။မသန္တာလင်း (၅၀၅က) -၂ နှစ်
၄။အေးချမ်း(ခ)လပြည့် (၅၀၅က) - ၂ နှစ်
၅။ကိုလပြည့် (ခ)လမင်းပိုင် (သတင်းထောက်) (၅၀၅က) -၂ နှစ်
၆။.ကိုထွေး (၅၀၅က) -၂ နှစ်
၇။ကိုအောင်အောင်ဌေး (၅၀၅က) -၂ နှစ်
၈။ကိုအောင်နိုင် (၅၀၅က) -၂ နှစ်
၉။ ကိုမျိုးမင်းအောင် (၅၀၅က) -၂ နှစ်
၁၀။ကိုတင်စိုးဝင်း (ခ) ကြောင်ကြီး (၅၀၅က) -၂ နှစ်
၁၁။ကိုချစ်မိုဦး(ခ)အလီ (၅၀၅က) -၂ နှစ်
၁၂။ဦးသက်ခိုင် ၁၉(င) -၁ နှစ်
၁၃။ကိုဝိုင်ဝိုင်း (ပုဒ်မ ၁၄၄၊ ၁၉(င)) -၃ နှစ်
၁၄။ကိုသူရအောင် (ပုဒ်မ ၁၉(စ)) -၁ နှစ်
၁၅။ဦးအုံးသွင် (ရွှေတောင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်) (၅၀၅က) -၂ နှစ်
၁၆။ဒေါ်ဇင်မိုးထိုက် (ပန်းတောင်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်) (၅၀၅က) -၂ နှစ်
၁၇။ ဦးရဲဒင် (ပန်းတောင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဥက္ကဋ္ဌ ) (၅၀၅က) -၂ နှစ်
၁၈။ကိုစိုးစည်သူ(ခ)အာလူး (၅၀၅က) -၂ နှစ်
၁၉။ကိုဇော်ဟိန်းအောင်ဆန်း(ခ)အလီဘိုင် -(၅၀၅က) -၂ နှစ်
၂၀။ ကိုကျော်ဝေယံဖြိုး (ပုဒ်မ ၄၃၆) - ၃-နှစ်
၂၁။ ကိုကောင်းကောင်း (ပုဒ်မ ၄၃၆) - ၃-နှစ်
၂၂။ ဒေါက်တာခင်မောင်ဝင်း (ပြည်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဥက္ကဋ္ဌ ) (၅၀၅က) -၂ နှစ်
၂၃။ကိုမြင့်မြတ်ထက် (ကျောင်းစာရေး)-(၅၀၅က) -၂ နှစ်
၂၄။ကိုအောင်သူ (၅၀၅က) -၂ နှစ်
၂၅။ကိုစိုးမင်းထွေး (၅၀၅က) ၁၄၅ -၂ နှစ်
၂၆။သိန်းဇော်မျိုး(ခ)ကုလား (၅၀၅က) -၂ နှစ်+၁၉(စ)-၁ နှစ်= စုစုပေါင်း ၃ နှစ်
၂၇။ကိုရန်နိုင်ဖြိုး (၅၀၅က) -၂ နှစ်
၂၈။ကိုမျိုးမင်း (၅၀၅က) -၂ နှစ်
၂၉။ကိုထွန်းမြတ်မင်း(ခ)ဗိုတောက် (၅၀၅က) -၂ နှစ်
၃၀။ကိုနိုဗယ်မောင် (၅၀၅က) -၂ နှစ်
၃၁။ကိုအောင်မြင်သူ (ကျောင်းဆရာ)-(၅၀၅က) -၂ နှစ်
၃၂။ကိုဝင်းလှိုင် (၅၀၅က) -၂ နှစ်
၃၃။ ကိုရွှေဖြိုးအောင် (၅၀၅က) -၂ နှစ်
၃၄။ကိုရန်နိုင်အောင် (၅၀၅က) -၂ နှစ်
၃၅။ကိုခင်မောင်ထွန်း (၅၀၅က) -၂ နှစ်
၃၆။ကိုဖြိုးသူအောင် (၅၀၅က) -၃နှစ်
၃၇။ကိုနိုင်ကို (၅၀၅က) -၂ နှစ်+ ၁၉(စ)၁ နှစ်= ၃ နှစ်
၃၈။ကိုပိုက်တင် (ခ)ကိုသန့်ဇင် (၅၀၅က) -၂ နှစ်
၃၉။ကိုပြည့်ဖြိုးအောင် (၅၀၅က) -၂ နှစ်
၄၀။ကိုကျော်နိုင် (၅၀၅က) -၂ နှစ်