close

နိုင်ငံရေးသင်တန်း

close

August 12, 2022

တောင်ကြီးဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက နိုင်ငံရေးသင်တန်းဖွင့်မည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အခြေစိုက် တောင်ကြီးဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက အခြေခံနိုင်ငံရေးအသိပညာမြှင့်တင်ခြင်း ရက်တိုသင်တန်း ဖွင့်လှစ်မယ်လို့ ဩဂုတ် ၁၀ ရက်က  ကြေညာပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ကျောင်းသားထုရဲ့ နိုင်ငံရေးရေချိန် မြှင့်တင်ပေးနိုင်ရေးအတွက် အခြေခံ နိုင်ငံရေးသင်တန်းတွေကို ပို့ချပေးဖို့ စီစဥ်ခဲ့တာဖြစ်တယ်လို့ တောင်ကြီးဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂကက ပြောပြပါတယ်။

ဒီသင်တန်းမှာ အကြမ်းမဖက် လူထုလှုပ်ရှားမှု အယူအဆများ၊ Why secularism matters? နဲ့ အခြေခံလူ့အခွင့်အရေး နည်းနာတွေကို ခေါင်းစဉ်သုံးခုနဲ့ ဆရာ ၃ ယောက်က Zoom ကတဆင့် အွန်လိုင်းက သင်ကြားဆွေးနွေးမှာ ဖြစ်ပါတယ်။

သင်တန်းတွေဟာ ဩဂုတ် ၂၀ ရက်ကနေ စက်တင်ဘာ ၄ ရက်နေ့အထိ Course တခုကို ၁ ပတ်နှုန်းနဲ့ ၃ ပတ်တာဖြစ်ပြီး Course တခုစီအတွက် ၁ ရက်ကို ၂ နာရီနှုန်းနဲ့ ၂ ရက်စီ ကြာမြင့်မှာ ဖြစ်ပါတယ်။

သင်တန်းအဆိုပြု လျှောက်လွှာ‌တွေကို အွန်လိုင်းကတဆင့် လက်ခံနေတာဖြစ်ပြီး လာမယ့် ဩဂုတ် ၁၈ ရက်နေ့အထိ လက်ခံမှာဖြစ်တယ်လို့ သိရပါတယ်။

တောင်ကြီးဆေးတက္ကသိုလ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ အားကောင်းကောင်းနဲ့ ပါဝင်နေတဲ့ ကျောင်းတကျောင်း ဖြစ်ပါတယ်။

2 mins Ago
Up