အမေရိကန်နိုင်ငံ၊ အိုရီဂွန်ပြည်နယ်၊ ပို့ထ်လန်းမြို့မှာ ပြိုင်ဘက် လက်ယာစွန်းနဲ့ လက်ဝဲစွန်း အုပ်စုတွေကြား ဆန္ဒပြပွဲဟာ သြဂုတ် ၂၂ ရက်မှာ အကြမ်းဖက်မှုအသွင်ဆောင်လာခဲ့ပါတယ်။
အတိုက်အခံ နှစ်ဖက်စလုံးက ပဋိပက္ခမှာ ပါဝင်လာပြီး ဆန္ဒပြသူတွေကို သေနတ်နဲ့ ပစ်ခတ်မှုအတွက် အမျိုးသားတယောက် အဖမ်းခံခဲ့ရပြီး သေနတ်နဲ့ အပြန်အလှန် ပစ်ခတ်ချိန်မှာ ဒဏ်ရာရသူ မရှိခဲ့ပါဘူး။
အုပ်စုတွေအကြား တိုက်ခိုက်တာတွေကို ဖျန်ဖြေဖို့ အရာရှိတွေက မလိုအပ်ဘဲ ကြားဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့ ရဲချုပ်က သြဂုတ် ၂၀ ရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မနှစ်ကစပြီး ပို့ထ်လန်းဟာ နိုင်ငံရေး အစွန်းရောက်တွေကြား ပဋိပက္ခဖြစ်ရာ သံလိုက်စက်ကွင်း ဖြစ်လာခဲ့ပါတယ်။