close

နိုင်ငံရေးအသွင်ဆောင်မှု

close

July 16, 2021

ကိုဗစ်ခြေရာခံလုပ်ငန်းကိုကမ္ဘာ့နိုင်ငံများထောက်ခံသော်လည်း နိုင်ငံရေးအသွင်ဆောင်မှု ကန့်ကွက်

ကမ္ဘာတစ်ဝန်း ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါရဲ့မူလအစကို လေ့လာမှုကို တိုးမြှင့်လုပ်ဆောင်တာကို ထောက်ခံပြီး ဒီမူလအစ ဇာစ်မြစ်ကို ခြေရာခံတဲ့ လုပ်ငန်းကို နိုင်ငံရေးအသွင် ဆောင်ရွက်နေတာကိုတော့ ကန့်ကွက်ကြောင်း နိုင်ငံပေါင်း ၄၈ နိုင်ငံမှ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်တွေက ဂျီနီဗာရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကိုက ပြောပါတယ်။ 

ကိုဗစ်-၁၉ ဟာ လူသားတွေရဲ့ ဘုံရန်သူဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့သာလျှင် တိုက်ထုတ်နိုင်မှာဖြစ်တယ်လို့ ကုလကိုယ်စားလှယ်တွေက ပြောပါတယ်။

သူ့ရဲ့မူရင်းဇစ်မြစ်ကို လေ့လာမှုဟာ သိပ္ပံပညာဆိုင်ရာ ကိစ္စရပ်ဖြစ်ပြီး သိပ္ပံပညာရှင်တွေက ကမ္ဘာတစ်ဝန်းမှာ ဆောင်ရွက်သင့်တယ်လို့လည်း ဆိုပါတယ်။ 

ဒါကို နိုင်ငံရေးအသွင် လုပ်ဆောင်လိုက်ရင် မူလရင်းမြစ်လေ့လာခြင်းနဲ့ပတ်သက်တဲ့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နှောင့်နှေးစေနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ တိုက်ဖျက်ရေးကြိုးပမ်းမှုတွေကိုလည်း ထိခိုက်လိမ့်မယ်လို့ သူတို့က ပြောပါတယ်။

ကိုဗစ်-၁၉ ရဲ့မူလအစ ခြေရာခံခြင်းနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ လေ့လာမှုဟာ သိပ္ပံဆိုင်ရာအစီရင်ခံစာအပေါ် အခြေခံပြီး လမ်းညွှန်သင့်တယ်လို့လည်း ဆိုပါတယ်။

ကုလကိုယ်စားလှယ်တွေဟာ ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA) ရဲ့ သက်ဆိုင်ရာ ဆုံးဖြတ်ချက်တွေနဲ့အညီ ကမ္ဘာတဝန်းရှိ ကိုဗစ်-၁၉ မူလအစလေ့လာမှုကိုတိုးမြှင့်နိုင်ဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ လေ့လာမှုလုပ်ငန်းစဉ်အတွင်း နိုင်ငံရေးကိစ္စတွေ စွက်ဖက်ခြင်းကနေ ကာကွယ်ဖို့ ထိရောက်တဲ့ အစီအမံတွေ ဆောင်ရွက်ပေးဖို့ WHO ရဲ့ အတွင်းရေးမှူးချုပ်ကို တောင်းဆိုထားပါတယ်။

အတုံ့အပြန်အနေနဲ့ တရုတ်ဟာ ကိုဗစ်-၁၉ ဇာစ်မြစ်ကိုလေ့လာခြင်းမှာ နိုင်ငံရေးအရ ခြယ်လှယ်မှုကို ရပ်တန့်ဖို့၊ သက်ဆိုင်ရာအဖွဲ့တွေကို တိုက်တွန်းထားပြီး ဒါကို အပြစ်တင်စရာကိစ္စ တခုအနေနဲ့ သုံးစွဲနေတာကို ရပ်တန့်ဖို့နဲ့ နိုင်ငံတကာ မူလဇာစ်မြစ်ခြေရာခံခြင်း သုတေသန ပူးပေါင်းဆောင်ရွက်မှုကို ဖျက်ဆီးနေခြင်းကို ရပ်တန့်ဖို့ ဆိုပြီး တရုတ်က တိုက်တွန်းထားတယ် လို့ နိုင်ငံရေးဝန်ကြီးဌာန ပြောခွင့်ရက  ပြောကြားပါတယ်။  

4 mins Ago
Up