close

နိုင်ငံသားအဖြစ်မှရပ်စဲ

close

March 7, 2022

ဆောင်းဦးလှိုင်နှင့် ဒေါ်ဖြူဖြူသင်းအပါအဝင် ၅ ဦးကို နိုင်ငံသားအဖြစ်မှရပ်စဲကြောင်း စစ်ကောင်စီ ကြေညာ

အဆိုတော် ဆောင်းဦးလှိုင်နဲ့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း အပါအဝင် နောက်ထပ်  ၅ ဦးကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း စစ်ကောင်စီပြန်ကြားရေးက ဒီကနေ့ မတ်လ ၇ ရက်ညမှာ ထုတ်ပြန်ကြေညာပါတယ်။ 

နိုင်ငံသားအဖြစ်က ရပ်စဲကြောင်း ကြေညာခံရသူတွေကတော့ အဆိုတော် ဆောင်းဦးလှိုင်၊  တက်ကြွလှုပ်ရှားသူ အစီအစဉ်တင်ဆက်သူ ကိုမောင်မောင်အေး ၊ NUG စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ အလုပ်သမားအရေးလှုပ်ရှားသူ  ဦးမောင်မောင်(ခ) ပြည်သစ်ညွှန့်ဝေနဲ့  အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  CRPH ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒေါ်ဖြူဖြူသင်းတို့ပဲ ဖြစ်ပါတယ်။ 

သူတို့ဟာ နိုင်ငံတော်ရဲ့တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်ကာ ပြည်ပနိုင်ငံတွေကို တရားမဝင် ထွက်ခွာသွားသူတွေအဖြစ်သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့အကျိုးကို ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ဖော်ထုတ်တွေ့ရှိရတာကြောင့် အခုလို ရပ်စဲလိုက်တယ်လို့ စစ်ကောင်စီ  ကြေညာချက်မှာ ဖော်ပြပါတယ်။

အလားတူ ကိုမင်းကိုနိုင်၊ အိပန်ဆယ်လိုနဲ့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေ အပါအဝင် ၁၁ ဦးကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း  စစ်ကောင်စီပြန်ကြားရေးက မတ်  ၄ ရက်မှာ ပထမဆုံး ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အလားတူ ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ ကျူးလွန်ကြောင်း ဆက်လက်စိစစ်ဖော်ထုတ်သွားမယ်လို့ သိရပါတယ်။

 Photo Credit- ဆောင်းဦးလှိုင်     

46 seconds Ago
Up