close

နိုင်ငံ့ခေါင်းဆောင်

close

September 2, 2022

နိုင်ငံ့ခေါင်းဆောင်များကို ရွေးကောက်ပွဲအမှုအတွက် ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချ

နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။ 

နိုင်ငံခေါင်းဆောင်တွေအပေါ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီက တရား စွဲဆိုထားတဲ့အမှုအတွက် နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးမှာ စက်တင်ဘာ ၂ ရက် ဒီနေ့ ရုံးထုတ်ပြီး အခုလို အမိန့်ချလိုက်တာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက နေ သိရပါတယ်။

နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အပေါ် မလျော်သြဇာ လွှမ်းမိုးခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ရာဇတ်ကြီးပုဒ်မ ၁၃၀-က နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

“တစ်ယောက်ကို အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်စီချလိုက်တယ်။ အယူခံဆက်တက်မယ် ” လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ယခုထပ်မံချမှတ်လိုက်တဲ့ ထောင်ဒဏ် ၃ နှစ်နဲ့ဆိုပါက စုစုပေါင်း ချမှတ်ခံရတဲ့ ထောင်ဒဏ် အနှစ် ၂၀ ရှိပြီဖြစ်ပြီး  နောက်ထပ် အမိန့်မချရသေးတဲ့ အမှုတွေလည်း ရှိနေပါသေးတယ်။

11 mins Ago

May 23, 2022

နိုင်ငံ့ခေါင်းဆောင်များအပေါ်စွပ်စွဲထားသည့် ရဟတ်ယာဉ်အမှုအတွက် တရားလိုကို စစ်မေး

နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပေါ်စွဲဆိုထားတဲ့ ရဟတ်ယာဉ်နဲ့ ပတ်သက်တဲ့အဂတိအမှုတွေအတွက်  မေ ၂၃ ရက်မှာ ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာ တရားလို ဦးအောင်ခန့်ကို စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေက အပြန်အလှန်စစ်မေးခဲ့ပြီး နောက်အပတ်ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာအသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ဝယ်ယူတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ရုံးချိန်းကို လာရောက်တဲ့ နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း အဆိုပါတရားရုံးနဲ့နီးစပ်သူက ဆိုပါတယ်။

မနက်ဖြန် မေလ ၂၄ ရက်နေ့ ရုံးချိန်းမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုတွေနဲ့ပတ်သက်ပြီး စွဲချက်တင်သင့် မတင်သင့် အမိန့်ချမယ်လို့လည်း သိရပါတယ်။

3 months Ago
Up