close

နိုင်ပွဲနှင့်သွင်းဂိုး စံချိန်တင်

close

December 20, 2021

တစ်နှစ်အတွင်း နိုင်ပွဲနှင့်သွင်းဂိုး အများဆုံးအသင်းအဖြစ် မန်စီးတီး စံချိန်တင်

မန်စီးတီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် စံချိန်သစ် ၃ ခုအထိ တင်နိုင်ခဲ့ပါတယ်။ 

နယူးကာဆယ်နဲပွဲဟာ ၂၀၂၁ ခုနှစ်အတွင်း မန်စီးတီးရဲ့ ၃၄ ပွဲမြောက်နိုင်ပွဲဖြစ်ပြီး ၁၉၈၆ ခုနှစ်က လီဗာပူးအသင်းစံချိန်တင်ထားတဲ့ ၃၃ ပွဲအနိုင်ရတဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်သမိုင်းမှာ တစ်နှစ်တာကာလအတွင်း နိုင်ပွဲအများဆုံးရရှိတဲ့ အသင်းတွေအနေနဲ့  ၂၀၀၅ ခုနှစ်မှာ မော်ရင်ဟိုရဲ့ချဲလ်ဆီးက တစ်နှစ်အတွင်း ၃၂ ပွဲအထိအနိုင်ရခဲ့ဖူးသလို၊ ယာဂန်ကလော့ပ်နဲ့ ဖာဂူဆန်တို့ဟာလည်း လီဗာပူးနဲ့ မန်ယူအသင်းတွေနဲ့အတူ ၃၁ ပွဲအနိုင် ရခဲ့ဖူးပါတယ်။ 

မန်စီးတီး အသင်းဟာ နယူးကာဆယ်နဲ့ပွဲမှာ တစ်နှစ်အတွင်း ၁၀၆ ဂိုးမြောက် ပရီးမီးယားလိဂ်ဂိုးရခဲ့ပြီး စံချိန်ဟောင်းကို ပြန်လည်ကျော်ဖြတ်နိုင်ခဲ့တာပါ။ 

ဒါ့အပြင် အဝေးကွင်း နိုင်ပွဲအများဆုံးအသင်းအနေနဲ့လည်း စံချိန်တင်ခဲ့ပြီး ၂၀၂၁ခုနှစ်အတွင်းမှာ အဝေးကွင်း ၁၈ ပွဲအထိ မန်စီးတီးအသင်း အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

52 seconds Ago
Up