close

နိုင်ပွဲ ၂၀၀ ပြည့် နည်းပြ

close

October 26, 2021

နိုင်ပွဲ ၂၀၀ အမြန်ဆုံးပြည့်သည့် နည်းပြအဖြစ် လီဗာပူးနည်းပြ ယာဂန်ကလော့ပ် မှတ်တမ်းဝင်

နိုင်ပွဲ ၂၀၀ အမြန်ဆုံးပြည့်မြောက်တဲ့ နည်းပြအဖြစ် လီဗာပူးအသင်းက ယာဂန်ကလော့ပ်က မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

နည်းပြ ယာဂန်ကလော့ပ်အနေနဲ့ မန်ယူအသင်းကို ၅-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒီမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေထဲမှာတော့ နိုင်ပွဲ ၂၀၀ နဲ့အထက် ရယူနိုင်တဲ့ နည်းပြ ၄ ဦးသာ ရှိခဲ့ဖူးတာကြောင့် ယာဂန်ကလော့ပ်က နိုင်ပွဲ ၂၀၀ ပြည့်တဲ့ ၅ ဦးမြောက် နည်းပြလည်း ဖြစ်လာပါတယ်။ 

အရင်က ပွဲအနည်းဆုံးနဲ့ နိုင်ပွဲ ၂၀၀ ပြည့်မြောက်သူအဖြစ် စံချိန်တင်ထားတဲ့ာ ဒဲဂလစ်ရှ်ရဲ့ စံချိန်ကို ကျော်ဖြတ်ကာ ယာဂန်ကလော့ပ်က စံချိန်သစ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒဲဂလစ်ရှ်ဟာ  နိုင်ပွဲ ၂၀၀ ကို ၃၃၃ ပွဲနဲ့  ရယူနိုင်ခဲ့တာဖြစ်ပြီး အခုအခါ ယာဂန်ကလော့ပ်က ၃၃၁ ပွဲနဲ့ ရယူနိုင်ခဲ့တာပါ၊  ယာဂန်ကလော့ပ်ဟာ လီဗာပူးအသင်းကို ၂၀၁၅ အောက်တိုဘာမှာ စတင်ကိုင်တွယ်ခဲ့တာပါ။

1 min Ago
Up