close

နိုဝင်ဘာလ

close

October 2, 2021

နိုဝင်ဘာလမှစပြီး သြစတြေးလျနိုင်ငံသားများ ပြည်ပခရီးထွက်ခွင့်ရမည်

သြစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်က နိုဝင်ဘာလကစလို့ သြစတြေးလျ နိုင်ငံသား တွေကို နိုင်ငံခြား ခရီးသွားခွင့် ပြုသွားမယ်လို့ ကြေညာပါတယ်။ 

ဒါဟာ ကမ္ဘာမှာ အတင်းကြပ်ဆုံးလို့ နာမည်ကျော်တဲ့ သြစတြေးလျရဲ့ ၁၈ လအကြာ ကိုဗစ် လော့ဒေါင်း စည်းကမ်းတွေကို ဖြေလျော့ပေးတော့မယ့် ခြေလှမ်း ဖြစ်ပါတယ်။ 

သြစတြေးလျနိုင်ငံသားတွေနဲ့ အမြဲတမ်း နေထိုင်ခွင့် ရသူတွေကို နိုင်ငံခြား ထွက်ခွာဖို့ ပြန်ဖွင့်ပေးလိုက်တာနဲ့ ပြည်တွင်းက ကိုဗစ် လော့ဒေါင်း စည်းကမ်း ဖြေလျော့မှုတွေကြားမှာလည်း အဆက်စပ်ရှိလိမ့်မယ်လို့ ဝန်ကြီးချုပ် မော်ရစ်ဆင်က ဆိုပါတယ်။ 

အဓိပ္ပါယ်ကတော့  ပြည်နယ်တချို့က တချို့ အစိတ်အပိုင်းတွေမှာ ကိုဗစ် စည်းကမ်း သတ်မှတ်ချက်တွေကို မကြာခင်မှာ ဖြေလျော့ပေးမယ့် သဘော ဖြစ်ပါတယ်။ 

ပထမခြေလှမ်းအဖြစ် နိုင်ငံသားတွေနဲ့ အမြဲတမ်း နေထိုင်ခွင့်ရသူတွေကို နိုင်ငံ ပြင်ပ ထွက်ခွာခွင့်ပြုမှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ပေးသွားဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ 

အစီအစဉ်အရ ကိုဗစ်ကာကွယ်ဆေး အပြည့်အ၀ ထိုးပြီးတဲ့ သြစတြေးလျ နိုင်ငံသားတွေ အနေနဲ့ နိုင်ငံခြား ခရီးသွားခွင့် ရမှာဖြစ်ပြီး ပြန်လာတဲ့အခါမှာ မိမိနေအိမ်မှာ ၇ ရက် သီးသန့်နေထိုင်ရမှာ ဖြစ်ပါတယ်။ 

ကာကွယ်ဆေး မထိုးထားတဲ့ သူတွေကျရင်တော့ နိုင်ငံခြားကနေ ပြန်လာတဲ့အခါမှာ ဟိုတယ် ကွာရန်တင်း ၁၄ ရက်နေရမှာ ဖြစ်ပါတယ်။ 

2 months Ago

April 29, 2020

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်း ကျင်းပနိုင်ဖွယ်ရှိဟု ကော်မရှင်အဖွဲ့ဝင် ပြော

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့်နိုဝင်ဘာလထဲမှာ ကျင်းပနိုင်ဖွယ်ရှိတယ်လို့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ခန့်မှန်းပြောပါတယ်။ မြန်မာ့အသံက မေးမြန်းတဲ့ ရွေးကောက်ပွဲဘယ်တော့ ကျင်းပမလဲဆိုတာနဲ့ ပတ်သက်တဲ့ ဆွေးနွေးခန်းမှာဖြေဆိုထားတာပါ။ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတွေ အတိုင်း လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကိုလည်း နိုဝင်ဘာ ၈ ရက် ဒါမှမဟုတ် ၇ ရက်နေ့မှာ ကျင်းပနိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ်။ လွှတ်တော်သက်တမ်း ၅ နှစ်ပြည့်ရင် အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့  ၂၀၀၈ ဖွဲ့စည်းပုံ‌အ‌ခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့အတိုင်း ပုံမှန်အတိုင်းဆိုရင် နိုဝင်ဘာလ လောက်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖွယ်ရှိနေတာပါ။ ၂၀၂၀ အထွေအထွေရွေးကောက်ပွဲရက်ကိုတော့ အရင် ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ကြေညာခဲ့တဲ့ပုံစံအတိုင်း ရွေးကောက်ပွဲ ရက်မတိုင်ခင် နှစ်လအလို ဒါမှမဟုတ် လေးလအလိုမှာ ထုတ်ပြန်ကြေညာသွားမယ်လို့လည်း ဦးမြင့်နိုင်ကပြောပါတယ်။ အခုကာလဟာ COVID-19 ရောဂါဖြစ်ပွားနေတဲ့အတွက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေနဲ့ ပြည်သူတွေအကြားမှာ ရွေးကောက်ပွဲမလုပ်ဖြစ်မှာ စိုးရိမ်သူတွေ ရှိနေသလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ကျင်းပမယ့်ရက်ကို  တိတိကျကျ မကြေညာသေးတာကြောင့် ခန့်မှန်းတာတွေ အမျိုးမျိုးထွက်ပေါ်နေပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားတာ ဒီထက်ပိုမို ကျယ်ပြန့်လာမယ်ဆိုရင် လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရွေ့ဆိုင်းရမယ့် အနေအထားမှာ ရှိတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်တာတွေလည်းရှိပါတယ်။
2 years Ago
Up