close

နီကယ်စက်ရုံ

close

November 29, 2021

ထီးချိုင့် နီကယ်စက်ရုံ ချော်ကန်ပေါက်ပြီး မီးလောင်

ထီးချိုင့်မြို့နယ်က နီကယ်စက်ရုံမှာလည်း နိုဝင်ဘာ ၂၈ ရက်နေ့ ည ၇ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နီကယ်စက်ရုံရှိ သတ္ထုအရည်ကျိုဌာနက ချော်ကန်ပေါက်ကျပြီး မီးလောင်တာလို့ ဝန်ထမ်းတွေဆီက သိရပြီး မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ ထိခိုက်ဒဏ်ရာရရှိသူနဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ မသိရသေးပါဘူး။

အဆိုပါ နီကယ်စက်ရုံမှာ အလုပ်သမားထောင်နဲ့ချီရှိပြီး တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီ CNICO (Myanmar CNMC Nikel) က ၂၀၀၈ ခုနှစ်မှာ စတင်တူးဖော်လုပ်ကိုင်နေတာလို့ စက်ရုံနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

1 min Ago
Up