close

နီကာရာဂွါရွေးကောက်ပွဲ

close

November 5, 2021

နီကာရာဂွါရွေးကောက်ပွဲတွင် မဲမပေးရန် အတိုက်အခံများ တွန်းအားပေး

နီကာရာဂွါရွေးကောက်ပွဲမှာ ဒယ်နီရယ် အော်တီဂါကို ဖြုတ်ချဖို့ ကြီးမားတဲ့ မဲပေးနည်းဗျူဟာ တစ်ရပ်အတွက် နီကာရာဂွါ မဲဆန္ဒရှင်တွေကို စည်းရုံးပြီးနောက်မှာ  မဲမပေးဘဲနေကြဖို့ အတိုက်အခံ တွေက နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမတိုင်မီ ကျယ်ကျယ်ပြန့်ပြန့် တွန်းအားပေးနေကြပါတယ်။

ပြည်ပရောက် နီကာရာဂွါလူမျိုးများကို ကိုယ်စားပြုတဲ့ အုပ်စုတွေဟာ သမ္မတ ဒန်နီရယ် အော်တီဂါရဲ့ အာဏာဆက်ရှိနေဖို့ ကြံစည်မှုကို တရားဝင်အောင်လုပ်နေခြင်းကနေ ရှောင်လွှဲလို့ရအောင် သူတို့ရဲ့ဆွေမျိုးသားချင်းတွေကို မဲမပေးပဲနေကြဖို့ နို၀င်ဘာ ၄ ရက်က တိုက်တွန်းခဲ့ပါတယ်။ 

၂၀၁၈ မှာ လမ်းမကြီးတွေအပြည့် ဆန္ဒမဲပေးခဲ့ကြတုန်းက သတ္တိမျိုးတွေပြဖို့ နိုဝင်ဘာ ၇ ရက်မှာ လမ်းမတွေကို အလွတ်ထားကြရဖို့နဲ့ ဒီတခါတော့ အိမ်မှာနေပြီး အာဏာရှင်စနစ်ကို ရှုတ်ချဖို့ မဲမပေးပဲ ရှောင်ကြဖို့ ကော်စတာရီကာမှ ပြည်ပရောက် ဆရာဝန် Rommel Melendez က ပြောပါတယ်။ 

အော်တီဂါအစိုးရရဲ့ နိုင်ငံရေးအကျဉ်းသားလို့ ယူဆရတဲ့ ပြည်ပရောက်လူမျိုးတွေဟာ မသမာတဲ့ ရွေးကောက်ပွဲကို ဟန့်တားဖို့ တည်ထောင်ထားတဲ့ အဖွဲ့အစည်းတွေပေါ်မှာ အယုံအကြည် သိပ်မရှိသလောက်ပါပဲ။

အမေရိကန်ပြည်ထောင်စုအဖွဲ့အစည်း OAS လို နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ဒါကို ပြီးမြောက်အောင်မြင်မှာ မဟုတ်ဘူးလို့ ယူဆကြပါတယ်။ 

ကျူးဘားကို နှစ် ၆၀ ပိတ်ဆို့အရေးယူထားပြီး ပိတ်ဆို့အရေးယူမှုပေါင်း ထောင်နဲ့ချီ ရှိနေတာ နိုင်ငံအများအပြားက ကျူးဘားနဲ့ လွတ်လပ်တဲ့ကုန်သွယ်မှု မလုပ်နိုင်ကြဘူး။ 

ဒါပေမယ့် ကျူးဘားမှာရှိနေတာ Ortega ရဲ့ နှစ် ၆၀ လောက် အာဏာရှင်စနစ်ပဲလို့ နီကာရာဂွါဒီမိုကရက်တစ်အင်အားစုမှ Concepcion Vega Garcia က ပြောပါတယ်။

သမ္မတအော်တီဂါဟာ စတုတ္ထမြောက် သက်တမ်း ဆက်တိုက် ရယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး တချိန်က မာ့က်စ်ဝါဒီ တော်လှန်ရေးသမား ဖြစ်ခဲ့တဲ့ အော်တီဂါဟာ သဘောထားကွဲလွဲမှုတွေကို နှိပ်ကွပ်မှုနဲ့ အရင် သူဆန့်ကျင်ခဲ့တဲ့ အာဏာရှင် ခေါင်းဆောင်မျိုး ဖြစ်လာပြီလို့ ဝေဖန်နေကြပါတယ်။ 

32 mins Ago
Up