close

နီကွာရာဂွါ

close

February 11, 2023

နီကွာရာဂွါမှ လွတ်မြောက်နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံသားဖြစ်ခွင့်ပေးရန် စပိန်ကမ်းလှမ်း

နီကွာရာဂွါကနေ မနေ့က လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၂၂၂ ဦးကို စပိန်နိုင်ငံက နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ဖေဖော်ဝါရီ ၁၀ ရက်က ကမ်းလှမ်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟိုဆေး မန်ဝဲလ် အယ်လ်ဘားရက်စ်က ဆာဗီးမီဒီယာ သတင်းဌာနကို ပြောပါတယ်။

မကြာသေးတဲ့နှစ်တွေအတွင်း နီကာရာဂွါသမ္မတ ဒန်နီရယ် အော်တေဂါအပေါ် ဝေဖန်သူတွေနဲ့ သဘောထားကွဲလွဲသူတွေအပေါ် နှိမ်နင်းဖြိုခွင်းခံခဲ့ရတဲ့ အကျဉ်းချခံထားရသူတွေကို အခုလို ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ ချီးကျူးလိုက်ပြီး စပိန်နိုင်ငံကလည်း ဒီလိုနိုင်ငံရေး အကျဉ်းသားတွေကို နောက်ထပ်လက်ခံပေးဖို့ အဆင့်သင့်ရှိကြောင်း ဗွီဒီယို အင်တာဗျူးတခုမှာ အယ်လ်ဘားရက်စ်က ပြောပါတယ်။

“ဒီလူတွေကို နိုင်ငံမဲ့သူတွေအဖြစ် ကြေညာဖို့ တရားရေးပိုင်း လုပ်ဆောင်ချက်တွေ စတင်တော့မယ်ဆိုတဲ့ သတင်းတွေတက်လာပြီးနောက်မှာ လွတ်မြောက်လာတဲ့ အကျဉ်းသား ၂၂၂ ဦး အတွက် စပိန်နိုင်ငံသားဖြစ်ခွင့်ကို အစိုးရက ကမ်းလှမ်းခဲ့ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။  

စပိန်အာဏာပိုင်တွေဟာ သူတို့ကို နိုင်ငံသားဖြစ်ခွင့် တရားဝင် လျှောက်ထားနိုင်ဖို့အတွက် ဆက်သွယ်ဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။ 

အခု လွတ်မြောက်လာသူတွေထဲမှာ ၂၀၂၁ ခုနှစ်၊ နီကာရာဂွါရွေးကောက်ပွဲမှာ အာဏာရှင် အော်တေဂါကို စိန်ခေါ်ဖို့ ကြိုးပမ်းနိုင်ခဲ့တဲ့ သမ္မတလောင်း ၅ ဦးလည်း ပါဝင်ပြီး သူတို့ဟာ ထောင်ချခံရဖို့ မကြုံစဖူး ပိုက်စိပ်တိုက် အပြစ်ရှာခံရပြီး ဗဟိုအမေရိကနိုင်ငံမှာ နိုင်ငံရေးအရ ကွဲလွဲမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ 

အော်တေဂါကတော့ နီကာရာဂွါနိုင်ငံကို ထိခိုက်စေတဲ့ ရာဇဝတ်မှု ကျူးလွန်အောင် လှုံဆော်နေသူ တွေကို နှင်ထုတ်ဖို့ တွန်းအားတစ်ရပ်သာ ဖြစ်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

အမေရိကန်နိုင်ငံကတော့ လူအခွင့်အရေး မြှင့်တင်ဖို့အတွက် "အပြုသဘော ဆောင်တဲ့ ခြေလှမ်း" တရပ်ဖြစ်တယ်ဆိုပြီး ချီးကျူးထားပါတယ်။ 

5 mins Ago
Up