close

နီပေါလေယာဉ်

close

May 31, 2022

နီပေါလေယာဉ် ပျက်ကျမှု အလောင်း ၁၄ လောင်း ရှာတွေ့

နီပေါနိုင်ငံထဲက ကယ်ဆယ်ရေးလုပ်သားတွေဟာ ဝေးလံသီခေါင်တဲ့ ဟိမဝန္တာတောင်စောင်းမှာ ပြန့်ကျဲနေတဲ့ လေယာဉ် အစိတ်အပိုင်းတွေကို ပိုက်စိပ်တိုက် ရှာရင်း အလောင်း ၁၄ လောင်းကို ရှာတွေ့ခဲ့ပါတယ်။

လူ ၂၂ ယောက်ကို တင်လာတဲ့ လေယာဉ်ငယ် ပျက်ကျခဲ့တာဖြစ်ပြီး ရှင်သန်ကျန်ရစ်သူတွေကို ရှာတွေ့ဖို့ အခွင့်အလမ်း နည်းတယ်လို့ အရာရှိတွေက ပြောပါတယ်။

ပုဂ္ဂလိကပိုင် တာရာအဲလေကြောင်းလိုင်းက လေယာဉ်ဟာ မေ ၂၉ ရက်က တိမ်ထူတဲ့ ရာသီဥတုအတွင်း ပျံသန်းချိန်မှာ ပျက်ကျခဲ့တာပါ။

လေယာဉ်ကို ရပ်ထားရတဲ့ ညတွင်းချင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ပြန်စခဲ့အပြီး မေ ၃၀ ရက်မှာမှ နီပေါစစ်တပ်က ရှာတွေ့ခဲ့ပါတယ်။

နီပေါနဲ့ တရုတ်နယ်စပ်အနားက ကမ္ဘာ့သတ္တမမြောက် အမြင့်ဆုံးဖြစ်တဲ့ ဒူလာဂီရိ တောင်ထိပ်ရှိရာ ဒေသ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၇၀၀၀ နီးပါးအမြင့်မှာ လေယာဉ်ပျက်ကို ရှာတွေ့ခဲ့တာပါ။

ဧဝရတ်တောင်အပါအဝင် ကမ္ဘာ့အမြင့်ဆုံးတောင် ၁၄ လုံးထဲက ၈ လုံးရှိရာ နီပေါနိုင်ငံမှာ လေကြောင်းမတော်တဆမှုတွေဖြစ်လေ့ရှိတဲ့ မှတ်တမ်းရှိပါတယ်။

ရာသီဥတုက ရုတ်တရက် ပြောင်းနိုင်ပြီး တောင်ထူတဲ့ ဒေသတွေမှာ လေယာဉ်ပြေးလမ်းတွေ တည်ရှိပါတယ်။

1 min Ago
Up