close

နီပေါအကျဉ်းထောင်

close

December 23, 2022

ပြင်သစ် လူသတ်သမား ချားလ်စ်ဆိုဘရပ်ရှ် နီပေါအကျဉ်းထောင်မှ ပြန်လွတ်

"မြွေနဂါး" လို့လူသိများတဲ့ ပြင်သစ်နိုင်ငံသား လူသတ်သမား ချားလ်စ် ဆိုဘရပ်ရှ်ကို သူ့အသက်အရွယ်ကြောင့် ထောင်က ပြန်လွှတ်ပေးပြီး ပြည်နှင်ဒဏ်ပေးဖို့ နီပေါတရားရုံးချုပ်က ဒီဇင်ဘာ ၂၁ ရက်က အမိန့်ချလိုက်ပါတယ်။

အသက် ၇၈ နှစ်အရွယ် ဆိုဘရပ်ရှ်ဟာ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်နှစ်တွေအတွင်းက အာရှဒေသမှာ ကျောပိုးအိတ်တလုံးနဲ့ ခရီးထွက်တတ်ကြတဲ့ အနောက်တိုင်းသား လူငယ် ၂၀ ကျော်ကို သတ်ဖြတ်ခဲ့ တာဖြစ်ပြီး အများအားဖြင့် သေဆုံးခဲ့ရသူတွေဟာ သူတို့ရဲ့ အစားအသောက်တွေထဲ ဆေးခတ်ခံရတာလို့ ရဲကပြောပါတယ်။

ဆိုဘရပ်ရှ်ဟာ လူသတ်မှုစွဲချက်တွေနဲ့ ထောင်ဒဏ် ၂၁ နှစ်ကြာ ကျခံနေရတဲ့ ၁၉၈၀ ပြည့်လွန် နှစ်လယ်ပိုင်းလောက်မှာ အိန္ဒိယနိုင်ငံက အကျဉ်းထောင်ကနေ လွတ်လာပြီးတဲ့နောက် သူ့ကိုယ်သူ ပုံစံအမျိုးမျိုး ရုပ်ဖျက်နိုင်စွမ်းကြောင့် သူ့ကို အရေခွံအမျိုးမျိုးလဲတတ်တဲ့သတ္တဝါအဖြစ် မြွေနဂါးလို့ ခေါ်ဝေါ်ခဲ့ကြ တာပါ။နောက်တော့ သူဟာ အဖမ်းခံရပြီး  ၁၉၉၇ ခုနှစ်အထိ ထောင်ချခံခဲ့ရပါတယ်။   

6 mins Ago
Up