close

နီဗာဒိုဒလ်ရူးအစ်ဇ်မီးတောင်

close

August 20, 2022

ဘိုဂိုတာရှိ နီဗာဒိုဒလ်ရူးအစ်ဇ်မီးတောင် ပြာများ စတင် မှုတ်ထုတ်

ဘိုဂိုတာ အနောက်ဘက် ၁၂၉ ကီလိုမီတာ အကွာရှိ နီဗာဒို ဒလ် ရူးအစ်ဇ် မီးတောင်ကနေ ပြာတွေ မီးခိုးတွေ မှုတ်ထုတ်ခဲ့ပြီးနောက်မှာ ကိုလံဘီယာအာဏာပိုင်တွေက ဩဂုတ် ၁၉ ရက်က မီးတောင်ကို အနီးကပ် စောင့်ကြည့်နေပါတယ်။ 

မျက်မြင်သက်သေ ရုပ်သံဖိုင်မှာတော့ ဩဂုတ် ၁၈ ရက်မှာ ထူထဲမဲမှောင်တဲ့ မီးခိုးတွေက လေထဲ လွင့်ပျံလာတာကို ပြထားပါတယ်။ 

မီးတောင်ရဲ့ ရက်နဲ့ချီ  ဆာလဖာထုတ်လွှတ်မှုဟာ ပေ ၁ သောင်းကျော်ထိ ရောက်အောင် မှုတ်ထုတ်နေတာကြောင့် မီးတောင်ဟာ အဝါရောင် သတိပေးချက်အောက်မှာ ဆက်ရှိနေတယ်လို့ ကိုလံဘီယာဘူမိဗေဒဌာနရဲ့ သြဂုတ် ၁၈ ရက် နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။ 

အမြင့်ပေ ၅၃၀၀ ကျော်တဲ့ အင်ဒီးစ်တောင်တန်း မီးတောင်ဟာ မတည်မငြိမ်ဖြစ်ပြီး ငလျင် လှုပ်ရှားမှု ကွဲပြားပါတယ်။ 

နီဗာဒို ဒလ် ရူးအစ်ဇ် မီးတောင်ဟာ ၁၉၈၅ ခုနှစ်မှာ ပေါက်ကွဲခဲ့ပြီး ကိုလံဘီယာသမိုင်းမှာ လူ အသေအပျောက်အများဆုံး သဘာဝဘေးဒဏ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။

မီးတောင်ပေါက်ကွဲမှုကြောင့် အာမယ်ရိုမြို့မှာ ရွှံ့ရည်ပူတွေ ဖုံးလွှမ်းနစ်မြုပ်သွားခဲ့ပြီး လူပေါင်း ၂၅၀၀၀ သေဆုံးခဲ့ပါတယ်။ 

48 seconds Ago
Up