close

နုတ်ထွက်

close

March 5, 2023

ပီရူးသမ္မတ နုတ်ထွက်ရေး တကျော့ပြန်ဆန္ဒပြ

ပီရူးနိုင်ငံ မြို့တော်လီမာမှာ လက်ရှိသမ္မတ ဒီနာ ဘိုလူအာတေး ရာထူးကနေ နုတ်ထွက်ရေးအတွက် မတ် ၄ ရက်မှာ လမ်းတွေပေါ် ပြန်ထွက်လာခဲ့ကြပြီး တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနီးက လမ်းတွေကို အမှိုက်ပုံးတွေနဲ့ပိတ်ဆို့ဖို့ ဆန္ဒပြသူတွေက ကြိုးပမ်း နေစဉ်မှာပဲ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးအသုံးပြုကာ လူစုခွဲခဲ့ပါတယ်။ 

အပူရီမက် ဒေသက ဆန္ဒပြသူ တဦးဖြစ်တဲ့ မီလာ ဂရော့စ် ရီဗယ်ရာ က ရိုက်တာသတင်းဌာကို ပြောကြားရာမှာ ဘိုလူအာတေးရဲ့ ခြိမ်းခြောက်မှုဟာ ဆန္ဒပြသူတွေအတွက် အရာရောက်မှာ မဟုတ်သလို ဆက်တိုက်ဆန္ဒပြမှုတွေအပေါ်မှာလည်း မောပန်းသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဆန္ဒပြဆိုင်းဘုတ်တွေထဲမှာ သမ္မတဟောင်း ပီဒရို ကတ်စတီလို ပြန်လည်လွတ်မြောက်ရေးအပြင် လစ်သီယမ်လုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းဖို့ တောင်းဆိုထားကြပါတယ်။ 

ဒီဇင်ဘာလထဲမှာ သမ္မတဟောင်း ကတ်စတီလို ကို ရာထူးကဖယ်ရှားကာ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ကြောင့် ဒီ အန်ဒီယန်းဒေသနိုင်ငံမှာ ဆန္ဒပြပွဲတွေနဲ့အတူ ရှုပ်ထွေးလှုပ်ခတ်စေခဲ့ပါတယ်။

ကတ်စတီလို လွတ်မြောက်ရေး၊ ဘိုလူအာတေး နုတ်ထွက်ရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒသစ် တရပ်ကို ဆန္ဒပြသူတွေက တောက်လျှောက် တောင်းဆိုလာခဲ့ကြတာပါ။ 

ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်နေတဲ့ ဖြစ်ရပ်တွေမှာ အနည်းဆုံးလူ ၆၀ သေဆုံးခဲ့ပြီး သေဆုံးသူအများ စုဟာ ဌာနေတိုင်းရင်းသား အများအပြားနေထိုင်တဲ့ နိုင်ငံတောင်ပိုင်းဒေသက ဖြစ်ပါတယ်။

လူအခွင့်အရေး အဖွဲ့တွေကတော့ အာဏာပိုင်တွေအနေနဲ့ ဆန္ဒပြသူတွေအပေါ်မှာ သေနတ်အစစ် အသုံးပြုခဲ့တဲ့အပြင် ရဟတ်ယာဉ်ပေါ်ကနေ မီးခိုးဗုံးတွေပစ်ချခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ပီရူးစစ်တပ်ဘက်ကည်း ဆန္ဒပြသူတွေဟာ လက်နက်တွေနဲ့ လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို အသုံးပြုခဲ့တယ်ဆိုပြီး ပြန်လည်စွပ်စွဲပြောဆိုပါတယ်။ 

12 hours Ago

February 11, 2023

အနောက်လိုလားသည့် မော်လ်ဒိုဗာအစိုးရအဖွဲ့ နုတ်ထွက်

ဥရောပအရှေ့ပိုင်းရှိ မော်လ်ဒိုဗာနိုင်ငံမှာ အနောက်ကိုလိုလားတဲ့ အစိုးရအဖွဲ့ဟာ အာဏာရပြီး ၁၈ လအကြာမှာ စီးပွားရေး မငြိမ်မသက်မှုတွေနဲ့ အိမ်နီးချင်းယူကရိန်းက ပဋိပက္ခတွေရဲ့ သက်ရောက်မှုတွေကြောင့် ဖေဖော်ဝါရီ ၁၀ ရက်မှာ ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။

သမ္မတ မိုင်ယာ ဆန်းဒူဟာ ၀န်ကြီးချုပ် နာတာလီယာ ဂဲ့ဗရီ-လစ်တာရဲ့ နုတ်ထွက်စာကို လက်ခံခဲ့ပြီး သူ့နေရာမှာ အစားထိုးဖို့ အသက် ၄၈ နှစ်ရှိ သမ္မတလက်ထောက်နဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဒိုရင်န် ရီဆီယန် ကို အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ 

ပါလီမန်ရဲ့အတည်ပြုချက်ကို မြန်မြန်ဆန်ဆန် ရရှိဖို့ မျှော်လင့်ထားတဲ့  ရီဆီယန်က ဥရောပသမဂ္ဂနဲ့ ပူးပေါင်းပြီး စီးပွားရေး ပြန်လည်ရှင်သန်ဖို့ မော်လ်ဒိုဗာရဲ့ ကြိုးပမ်းချက်နဲ့ ဆက်လုပ်ဆောင် သွားမှာဖြစ်ကြောင်း ပြောကြားပါတယ်။ 

သူ့ရဲ့စိန်ခေါ်မှုတွေမှာ ယူကရိန်းနဲ့ နေတိုးနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့ ရိုမေးနီးယားတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ လူဦးရေ ၂ ဒသမ ၅ သန်းရှိ အရင်ဆိုဗီယက်သမ္မတနိုင်ငံဟောင်းကို မတည်မငြိမ်ဖြစ်အောင် ရုရှားရဲ့ကြိုးပမ်းမှုကို ကိုင်တွယ်ဖြေရှင်းခြင်းလည်း ပါဝင်ပါတယ်။

မော်လ်ဒိုဗာရဲ့ ခွဲထွက်ဒေသ ထရန်စ်-နိစ်ထရီးယားမှာ တပ်ဖွဲ့တွေ ချထားတဲ့ ရုရှားနိုင်ငံဟာ ဆိုဗီယက်သမ္မတနိုင်ငံဟောင်း မော်လ်ဒိုဗာကို အီးယူကို ဝင်ရောက်နိုင်ခြေကို စိတ်ဆိုးမာန်ဆိုး တင်းတင်းမာမာ တုံ့ပြန်ဆောင်ရွက်ခဲ့တာပါ။ 

ရုရှားဒုံးကျည်တစ်စင်းဟာ ယူကရိန်းကို မထိမှန်ခင် မော်လ်ဒိုဗာ လေပိုင်နက်ကို ချိုးဖောက်ခဲ့ ကြောင်း ခီရှီနဗ်အစိုးရက ပြောကြားပြီး ဒီကိစ္စအပေါ် ကန့်ကွက်ဖို့ ရုရှားသံအမတ်ကို ဆင့်ခေါ်ခဲ့ ချိန်မှာ ဖေဖော်ဝါရီ ၁၀ ရက်က တင်းမာမှုတွေ ပိုမြင့်တက်လာခဲ့ပါတယ်။ 

မော်လ်ဒိုဗာ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မော်လ်ဒိုဗာအပေါ် အခုနောက်ဆုံး မိတ်ဆွေသဘော မဆောင်တဲ့ လုပ်ရပ်တွေနဲ့ ထုတ်ပြန်ချက်တွေကို လုံးဝလက်မခံနိုင်ပါကြောင်း ပြောကြားပြီး ရှုတ်ချခဲ့ပါတယ်။ 

3 weeks Ago
Up