close

နေပြည်တော်အချုပ်ထောင်

close

August 11, 2022

ရှောင်တာနယ်အမှုက စွပ်စွဲခံရသူများကို စတင်စစ်ဆေး

သြစတြေးလျနိုင်ငံသား ရှောင်တာနယ်အမှုကို သြဂုတ် ၁၁ ရက်က နေပြည်တော် အချုပ်ထောင်အတွင်း သီးသန့်အထူးတရားရုံးမှာ ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့ပြီး စွပ်စွဲခံရသူတွေကို စတင်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီနေ့ရုံးချိန်းမှာ စွပ်စွဲခံရသူတွေထဲက ရှောင်တာနယ်ကိုပဲ စတင်စစ်ဆေးခဲ့ပြီး စစ်ဆေးတာပြီးတဲ့အတွက် နောက်အပတ်ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးသွားမယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ရှောင်တာနယ်ကို စစ်ကောင်စီက လ.ဝ.က အက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ) တို့နဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ) အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ကို အမှုတွဲအဖြစ် တရားစွဲဆိုထားကာ အဆိုပါပုဂ္ဂိုလ်လေးဦးကို အားပေးကူညီမှုနဲ့ စွဲချက်တင် အမိန့်ချပြီး ဖြစ်ပါတယ်။

စွဲချက်တင်အမိန့်ချပြီး ပြန်ခေါ်သက်သေတွေကို စစ်ဆေးတာလည်း ပြီးပြီဖြစ်လို့ ဒီနေ့ရုံးချိန်းကစပြီး စွပ်စွဲခံသူတွေဖြစ်တဲ့ ရှောင်တာနယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နဲ့ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ကို ရုံးချိန်းတပတ်ကို တယောက်စီ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

3 hours Ago

July 7, 2022

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်အချုပ်ထောင်ထဲတွင်ရှိ၊ တရားသူကြီး ခွင့်ယူထားသဖြင့် ရှောင်တာနယ်အမှု မစစ်ဖြစ်

နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်က ခြံအမှတ် ၅၄ ကို ပြန်ပို့လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ နေပြည်တော်အချုပ်ထောင်ထဲမှာပဲ ရှိတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

ဒီနေ့ ဇူလိုင် ၇ ရက်မှာ သြစတြေးလျနိုင်ငံသား ရှောင်တာနယ်အမှုကို နေပြည်တော်အချုပ်ထောင်အတွင်း သီးသန့်အထူးတရားရုံးမှာ ဆက်လက်ရုံးထုတ် စစ်ဆေးမှာဖြစ်ပေမဲ့ တရားသူကြီး နေမကောင်းဖြစ်ပြီး ခွင့်ယူထားတဲ့အတွက် မစစ်ဆေးဖြစ်ဘူးလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်က ခြံအမှတ် ၅၄ ကို ပြန်ပို့တယ်ဆိုတာ မမှန်ကန်ဘဲ ဒီနေ့ ရုံးထုတ်မှာ တရားရုံးမှာရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ရှောင်တာနယ်ကို စစ်ကောင်စီက လ.ဝ.ကအက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ) တို့နဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ) အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ကို အမှုတွဲအဖြစ် တရားစွဲဆိုထားကာ အဆိုပါ ပုဂ္ဂိုလ်လေးယောက်ကို အားပေးကူညီမှုနဲ့ စွဲချက်တင်အမိန့်ချပြီး ဖြစ်ပါတယ်။

1 month Ago
Up