close

နေရာပြင်ဆင်

close

July 30, 2022

ယူကရိန်းစစ်ပြေးဒုက္ခသည်များအတွက် ဘာလင်တေဂဲလ်လေဆိပ်ဟောင်းတွင် နေရာပြင်ဆင်ထား

ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ တေဂဲလ်လေဆိပ်ဟောင်းကို အသွင်ပြောင်းပြီး ယူကရိန်းမှ စစ်ပြေးဒုက္ခသည်တွေနဲ့ တခြားနေရာတွေက ခိုလှုံခွင့်တောင်းခံလာသူတွေကို ထားရှိဖို့ တဲတွေ ဆောက်လုပ်ထားပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်ပြီး တစ်လနီးပါးအကြာ မတ်လ ၂၀ ရက်မှာ ဘာလင်ကို ရောက်လာကြတဲ့ ယူကရိန်းဒုက္ခသည် မှတ်ပုံတင်ရေးစင်တာကို တေဂဲလ်မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ 

ဂျာမန်မြို့တော်ကို နေ့တိုင်း ရောက်လာနေတဲ့ ယူကရိန်းဒုက္ခသည် အယောက် ၅၀၀ လောက် အထိရှိနေပြီး တချို့လည်း အရေးပေါ်နေရာထိုင်ခင်းတွေမှာ ထားဖို့ လိုအပ်နေသေးကြောင်း ဘာလင်ရဲ့ လူမှုရေး ဝန်ကြီး ကတ်ယာ ကစ်ပင်းက ပြောပါတယ်။ 

ဒီနှစ်အစပိုင်းကစပြီး ပုံမှန်နေရာထိုင်ခင်းအသစ် ၂,၄၀၀ နဲ့ တေဂဲလ် လေဆိပ်မှာလည်း အရေးပေါ်နေရာထိုင်ခင်းတွေအပြင် အဆောင်တွေမှာလည်း နေရာထိုင်ခင်း အများအပြားကို စီစဉ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

တေဂဲလ်လေဆိပ်ကို ဘာလင်တံတိုင်း မဆောက်ခင် ၁ နှစ်အလို ၁၉၆၀ ခုနှစ်မှာ လေကြောင်း ပျံသန်းဖို့ စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ပိတ်ခဲ့ပါတယ်။ 

1 min Ago
Up