close

နေရာအနှံ့ လှည့်ပတ်စစ်ဆေး

close

November 3, 2021

မန္တလေးမြို့တွင် စစ်ကောင်စီတပ် အင်အားအလုံးအရင်းချပြီး နေရာအနှံ့ လှည့်ပတ်စစ်ဆေး

မန္တလေးမြို့မှာ နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်သားတွေ နေရာအနှံ့ လှည့်ပတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

မန္တလေးမြို့ရဲ့ မိန်းလမ်းမကြီးတွေနဲ့ ကျုံးဘေးဝန်းကျင်၊ မန္တလေး ပညာရေးကောလိပ်အနီးတို့မှာ အင်အားအလုံးအရင်းချထားပြီး တချို့လမ်းတွေမှာ ပိတ်ဆို့ စစ်ဆေးတာတွေပါရှိတယ်လို့ ဆိုပါတယ်။

“အရင်နေ့တွေကထက် ဒီနေ့ အင်အားပိုများတယ်။ စစ်ကားတွေနဲ့လည်းလှည့်တယ်။ တချို့လမ်းတွေမှာ နှစ်ယောက်လောက်ချထားတယ်။ တချို့လမ်းတွေဆို လေးငါးယောက်ရှိတယ်။ အရပ်ဝတ်တွေလည်းတွေ့တယ်” လို့ မန္တလေးမြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး အတည်ပြုလို့ မရသေးပါဘူး။

36 seconds Ago
Up