close

နေရာ ပြောင်း

close

April 25, 2023

စစ်တပ်ကကန့်ကွက်သဖြင့် ဟိုပန်ရွှေမြို့သစ် စီမံကိန်း နေရာ ပြောင်းမည်

‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့မှာ ရွှေဝါ ၁၄၅ ခြေမြန်တပ်ရင်းရှေ့ အထပ်မြင့် အဆောက်အအုံတွေ မဆောက်ဖို့ တပ်မမှူးက ကန့်ကွက်တာကြောင့် ဟိုပန်ရွှေမြို့သစ်စီမံကိန်းကို ရုံးကုန်း‌‌မြေနေရာဘက် ပြောင်းရွှေ့ ဆောက်လုပ်သွားမယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဟိုပန်ရွှေမြို့သစ်စီမံကိန်းကို စိန်ပန်း(ဟိုပန်)အုပ်စုကုမ္ပဏီဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလက စတင်ပြီး ၂၀၂၅ ခုနှစ်ထိ ၃ နှစ်စီမံကိန်းနဲ့ အပြီးဆောက်လုပ်သွားမယ်လို့ စီစဥ်ထားတာပါ။ 

လတ်တလောမှာတော့ စီမံကိန်းနေရာဖြစ်တဲ့ ၁၄၅ ခြေမြန်တပ်ရင်းရှေ့မှာ အထပ်မြင့် အဆောက်အအုံ မဟုတ်တဲ့ လူနေအိမ်‌ခန်းတွေကိုသာ ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ ဟိုပန်ရွှေမြို့သစ်စီမံကိန်း ပြောင်းရွှေ့‌ဆောက်လုပ်မယ့် ရုံးကုန်းမြေနေရာ ဟာ ဟိုပန်မြို့နေ ဦးရှောက်ချင်း ပိုင်ဆိုင်တာဖြစ်ပြီး အရင်က ရော်ဘာစိုက်တဲ့ မြေနေရာ ဖြစ်ပါတယ်။ 

ဦးရှောက်ချင်းရဲ့ မြေယာပိုင်ဆိုင်မှုဟာ ၂ မိုင်ကျော်ဝန်းကျင်ရှိတယ်လို့ ဒေသခံတဦးရဲ့ အဆိုအရ သိရပြီး မြေကွက်ဖော်ဖို့ ရော်ဘာစိုက်ခင်းတွေကို ဖျက်ပြီး ၆၀ ပတ်လည်ကို တရုတ်ယွမ်ငွေ ၂သိန်းနဲ့ ၃သိန်း၊ မြန်မာငွေ သိန်း၈၀၀ - သိန်း ၁၂၀၀ ဈေးရှိပြီး နေရာကောင်းတဲ့အပေါ်  မြေကွက် တန်ဖိုး မြင့်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မြေကွက်ဖော်ရောင်းဖို့ ၂၀၂၃ ဇန်နဝါရီလကတည်းက ရာဘာစိုက်ခင်းတွေကိုဖျက်ပြီး မြေနေရာ တွေကို ညှိနေတာ ဖြစ်ပါတယ်။

မြေကွက်‌အ‌ရေအတွက် ရာချီဖော်နေပေမယ့်လည်း ဒေသခံတွေအနေနဲ့ မြေကွက်တွေ ဝယ်မရတာနဲ့ပတ်သက်ပြီး "လိုချင်လို့ မေးကြည့်တာ။ အကွက်တွေအားလုံး ရောင်းပြီးသွားပြီ။ ဈေးအရမ်းကြီးတာကြောင့် ဒေသခံတွေ မဝယ်နိုင်ဘူး။ တရုတ်တွေပဲ အားလုံးဝယ်သွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

ဟိုပန်ရွှေမြို့သစ်စီမံကိန်း‌ကြောင့် ဟိုပန်မြို့ဟာ ဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင် အခွင့်အလမ်း  ပိုများလာမှာဖြစ်ပေမဲ့ ‌ဒေသခံတွေအနေနဲ့‌ အကျိုးခံစားခွင့်နည်းပြီး ဒေသအာဏာပိုင်တွေသာ အကျိုးခံစားခွင့်များတာ ဖြစ်ပါတယ်။

1 hour Ago
Up