close

နေရာ ၂ ခု

close

October 8, 2021

မိုးကုတ်မြို့တွင် ၁ ရက်တည်း နေရာ ၂ ခု၌ ဗုံးပေါက်

မန္တလေးတိုင်း မိုးကုတ်မြို့မှာ အောက်တိုဘာ ၇ ရက် ညနေ ၆ နာရီ ၄၅ မိနစ်က ချမ်းမြေ့သာယာရပ်ကွက်က ကြံခိုင်ရေးပါတီ စာရေးမ နေအိမ်နားနဲ့ Music Zone KTV နားမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက "၆နာရီကျော်လောက်က ချမ်းမြေ့သာယာက ကြံ့ခိုင်ရေးပါတီက စာရေးမ အိမ်နား ပေါက်တယ်။ ပြီးမှ မြို့ထဲမှာ ပေါက်တာ။ အဲဒီနားမှာက စစ်ကောင်စီဆီမှာ အလုပ်လုပ်သူ တွေ ရှိတယ်" လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူ မရှိပေမဲ့ အနီးနားမှာ ရပ်ထားတဲ့ ဆိုင်ကယ်တချို့ ထိမှန်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက "Music Zone KTV က ဖွင့်ထားတယ်။ အခုက အဲဒီနားမှာ ကွဲတာ။ ထိခိုက်ဒဏ်ရာရတာ မကြားသေးဘူး" လို့ ပြောပါတယ်။

မိုးကုတ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေက လမ်းဆုံတွေ၊  လမ်းအဝင်အထွက်တွေမှာ စစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။

မိုးကုန်မြို့နယ် လျှစ်မီတာရုံးမှာလည်း ပြီးခဲ့တဲ့လက ဗုံး သုံးကြိမ် ဖောက်ခွဲခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်ပိုင်တဲ့ Mytel ​တာဝါတိုင် ၅ တိုင် ဖောက်ခွဲမီးရှို့ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။

9 mins Ago
Up